ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကျေးရွာများအရောက် အသိပညာပေးမှုများ ဆောင်ရွက်

ကော့မှူး နိုဝင်ဘာ ၂၅


ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ပြည်သူ့များကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲပိုင်းက ဝါးသိင်္ခကျေးရွာ၌ ကွင်းဆင်း၍ အသိပညာပေးမှုများ ဆောင်ရွက်နေကြောင်းသိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က နိုင်ငံတော်အစိုးရမှကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံများအား ရှင်းလင်းပြောကြားခြင်း၊ ကိုဗစ်-၁၉ ရောဂါသည်လူစုလူဝေး များပြားရာနေရာများတွင် ကူးစက်ပြန့်ပွားနိုင်သည့် ရောဂါမျိုး ဖြစ်သဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် နေအိမ်ပြင်ပ ထွက်ခွာ သွားလာသူတိုင်း နှာခေါင်းစည်း (Mask)တပ်ဆင်ကြရန်၊ ကိုဗစ်-၁၉ ကြိုတင် ကာကွယ်နိုင်ရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာကြရန်နှင့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန် အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများသည်ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ပြည်သူ့များကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရွေ့လျား စာကြည့်တိုက် ယာဉ်များဖြင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊အသံချဲ့စက်များဖြင့် ကြေညာခြင်း များကိုလည်း ရပ်ကွက် ကျေးရွာများအရောက် အရှိန်အဟုန် ဆောင်ရွက် ပေးနေကြောင်းသိရသည်။
ကျော်သူရ (ကော့မှူး)