တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဖောင်ဒေးရှင်း (မြန်မာပြည်ရုံးခွဲ)မှ မြို့နယ်ပညာရေးဌာနသို့ သင်ထောက်ကူ စာရေးကိရိယာ ၁၈ မျိုးပါ ကျောပိုးအိတ်များ လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း (မြန်မာပြည်ရုံးခွဲ) ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှ Panda Pack Project စီမံချက် ဖြင့် နွမ်းပါးမူလတန်း ကျောင်းသား၊ ကျောင်းသူများအတွက် လှူဒါန်းသော သင်ထောက်ကူ စာရေးကိရိယာပစ္စည်း စုစုပေါင်း(၁၈)မျိုးပါ ကျောပိုးအိတ်များအား ယမန်နေ့ နံနက်ပိုင်းက အ.မ.က(၁၁)ကျောင်း၌ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ လက်ဝယ်သို့ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။