ပုဂံမြို့ဟောင်း၌ ဘေးကင်းလုံခြုံသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဘေးကင်းလုံခြုံသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပုဂံမြို့ဟောင်းရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ပုဂံရုံးခွဲ)၊ B.I.T.C(ဘုတ်ကျောင်း) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ဦးမြို့နယ်တွင် နှာခေါင်းစည်း ရာနှုန်းပြည့် တပ်ဆင်သွားလာရေး လှုပ်ရှာမှု နေရာလေးနေရာတွင်ပြုလုပ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း ရာနှုန်းပြည့် တပ်ဆင်သွားလာရေး လှုပ်ရှားမှုအဖြစ် ယနေ့နံနက် ၇ နာရီအချိန်က စတင်ကာ နေရာလေးနေရာတွင်ပြုလုပ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းထံက သိရသည်။

ကာမိုင်းမြို့၌ လူစည်ကားရာနေရာများတွင် သွားလာနေကြသည့် ပြည်သူများအား Surgical Mask များ အခမဲ့ဝေငှ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ လူစည်ကားရာနေရာများဖြစ်သည့် စည်ပင်သာယာဈေးနှင့် လမ်းစုံလမ်းခွ နေရာများတွင် ဈေးရောင်း၊ ဈေးဝယ်ကြသည့် ပြည်သူများနှင့် ခရီးသွားပြည်သူများအား Surgical Mask များကို ယနေ့ နံနက် ၈ နာရီက အခမဲ့ဝေငှပေးခဲ့သည်။

ကျီခါးမြို့၌ Facility Quarantine Center ဆောက်လုပ်ရန်အတွက် မြေနေရာပြုပြင်ခြင်း လုပ်ငန်း စတင်ဆောင်ရွက်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဦးပေါင်လွန်းမင့်ထန်၏ စီစဉ်မှုဖြင့် လူအယောက်(၂၀)ဆန့် Facility Quarantine Center ဆောက်လုပ်သွားမည်ဖြစ်ပြီး လက်ရှိတွင် အဆိုပါနေရာအတွက် မြေနေရာပြုပြင်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက် နေပြီးဖြစ်ကြောင်း ကျီခါးမြို့ ကိုဗစ်ကော်မတီအဖွဲ့မှ သိရသည်။

သာကေတမြို့နယ်တွင် ကလေးငယ်များအားပုံမှန်ကြိုတင်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ် ခွဲအထိ ကလေးငယ်များ အား ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်း၊ ကလေးငယ်များအားကိုယ် အလေးချိန်နှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ အစည်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ သာကေတမြို့နယ်၊ ရန်ပြေရပ်ကွက် အတွင်းရှိ ဒေသန္တရကျန်းမာရေးဆေးပေးခန်းတွင် ဆောင်ရွက် ခဲ့သည်။

ထန်တလန်မြို့၌ ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းအား အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာရာ၌ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ခြင်စေရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ ပူး‌ပေါင်း အဖွဲ့က ယနေ့နံနက် ၉ နာရီက နှာခေါင်းစည်း(Mask) အခမဲ့ ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟင်္သာတ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှု (Mask Campaign)ပြုလုပ်

ဧရာ၀တီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ကျန်းမာရေး အသိပညာပေးခြင်းနှင့်အတူ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှု (Mask Campaign) ကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားများပြားသည့် စျေးများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေဇွာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အသုံပြုနိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများအား လိုင်လင်းပီအခြေစိုက် (Health and Hope Myanmar) အဖွဲ့မှ လာရောက်လှူဒါန်း

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း အသုံးပြုနိုင်ရန်အတွက် Dr.Sa Sa ဦးဆောင်သော (Health and Hope Myanmar) အဖွဲ့မှ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်း အမျိုးအစား(၇)မျိုးကို ရေဇွာမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ နိုဝင်ဘာလ(၁၅)ရက်နေ့က လှူဒါန်းပေးအပ်ခဲ့ရာ အဆိုပါပစ္စည်းများကို မြို့အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံသို့ ယမန်နေ့က ဆက်လက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့် စစ်ဆေးရာတွင် ယာဉ်နောက်လိုက် တစ်ဦးထံမှ ကိုဗစ်−၁၉ရောဂါပိုး ထပ်မံတွေ့ရှိ

ကချင်ပြည်နယ်၊ ဗန်မော်ခရိုင် ရွှေကူမြို့နယ်အတွင်း ဖြတ်သန်းဝင်ရောက်လာသော ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့ ညနေ ၃ နာရီခွဲခန့်တွင် RDT (Rapid Antigen Diagnostic Test Kit) ဖြင့် ကိုဗစ်−၁၉ရောဂါ ရှိ/မရှိ စစ်ဆေးခဲ့ရာ ၁၂ ဘီး (ကုန်မပါ) ယာဉ်ဖြင့်လိုက်ပါလာသူ ယာဉ်နောက်လိုက် ပြည်ကြီးတံခွန် မြို့နယ် “လလ”ရပ်ကွက်၊ အကွက်အမှတ်(၁၁)၌ နေထိုင်သော အမျိုးသားတစ်ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့သည်။
Subscribe to