ခရမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အပြင်ထွက်တိုင်း (mask) တပ်ဆင်မှု အလေးထားဆောင်ရွက်ရန် နေ့စဉ် စစ်ဆေးကြပ်မတ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် နေ့စဉ်နံနက်(၇)နာရီက မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ နှာခေါင်းစည်း(mask) တပ်ဆင်လာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် စည်းကမ်းလိုက်နာခြင်း မရှိသူများအား ဒဏ်ကြေး ငွေပေးဆောင်စေခြင်းဖြင့် စည်းကမ်းလိုက်နာမှုရှိစေရန်‌ နေ့စဉ်ကြပ်မတ် စစ်‌ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

အမှိုက်ကင်းစင်သော စံပြကျေးရွာအဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာအုပ်စု၊ တံတားကြီးကျေးရွာသည် ကျေးရွာ လုံးကျွတ် အမှိုက်ကင်းစင်သော စံပြကျေးရွာအဖြစ် စတင်၍ လုပ်ငန်းများစုပေါင်းဆောင် ရွက်လျက်ရာ နိုဝင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးရန်နိုင်ညွန့် နှင့်

ကိုဗစ်-၁၉ရောဂါ ကာကွယ်ရန် စည်ပင်သာယာမြို့မစျေးကြီးအတွင်းရှိ စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား နှာခေါင်းစည်းနှင့် Face Shield များ ဖြန့်ဝေပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် စည်ပင်သာယာ မြို့မစျေးကြီးအတွင်းရှိ စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန့်ချက်များနှင့်အညီ ကျန်းမာရေးအသိပညာပေး အရှိန်အဟုန် မြှင့်တင်ရေး လှုပ်ရှားမှုအနေဖြင့် ယနေ့နံနက်၇နာရီက အဆိုပါစျေး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် အဝေရာ ရာမရန်ကင်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ အသက်(၁၀)နှစ်အောက် ကလေးငယ်များအား နို့အာဟာရတိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏အစီအစဉ်ဖြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ရှိ (၁၀) နှစ် အောက် ကလေးငယ်များ အား နို့အာဟာရ တိုက်ကျွေးရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာအုပ်စု၊ မြောက်ကျောက်မိုင်းကျေးရွာရှိ အဝေရာ ရာမ ရန်ကင်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် အသက်(၁၀)နှစ်အောက် ကလေးငယ်များအား နို့အာဟာရ တိုက်ကျွေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက အာဟာရနို့များတိုက်ကျွေးခဲ့ကြကြောင်းသိရသည်။

မိုင်းယုမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ ဆက်လက်ကြပ်မတ်စစ်ဆေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ကြိုတင်ကာကွယ်တားဆီးနိုင်ရေး၊ ရောဂါဖြစ်ပွားမှုနှုန်းလျော့ချနိုင်ရေးတို့အတွက် နှာခေါင်းစည်း (Mask) မတပ်ပဲ လမ်းသွားလမ်းလာပြည်သူများကို မိုင်းယုမြို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ကော်မတီအဖွဲ့မှ ယနေ့တွင် အခုဝယ်အခုတပ်စနစ်ဖြင့် ဆက်လက်ကြပ်မတ် စစ်ဆေးလျက်ရှိသည်။

မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၅) ဦး ထပ်မံတွေ့ရှိ

မကွေးခရိုင်၊ မြို့သစ်မြို့နယ်မှ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြု လူနာ (၅) ဦး ထပ်မံတွေ့ရှိခဲ့ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယမန်နေ့ည သတင်းထုတ်ပြန်ချက်အရ သိရသည်။

မိုင်းယောင်းမြို့နယ်၌ ဆောင်းသီးနှံများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တောင်သူများသည် မိုးစပါးရိတ်သိမ်းပြီးချိန်၌ ဆောင်းသီးနှံများကို ဆက်လက်စိုက်ပျိုးရာ ယခုအချိန်မှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မြင်းခြံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများဝတ်ဆင်ရေးလှုပ်ရှားမှု ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြင်းခြံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ပြည်သူများ နှာခေါင်းစည်းဝတ်ဆင်ရေးလှုပ်ရှားမှု (Mask Campaign) ယနေ့နံနက် ၇ နာရီ အချိန်မှ စတင် ပြုလုပ်ခဲ့သည်။

ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း၊ ဆေးပေးခန်း ဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ လွှတ်တိုက်ကျေးရွာအုပ်စု၊ မဒေါင်ကျေးရွာတွင် ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်း (မြန်မာဆယ် မာအူးလ်အွန်ဒုံ) ဆေးပေးခန်း ဆောက်လုပ်မှု ရာနှုန်းပြည့်နေပြီ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to