ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ရေးပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရန်အတွက် ပြည်သူလူထုအတွင်း အသိပညာ ပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်းဝေငှခြင်းများကို ယနေ့နံနက်ပိုင်း က ဖယ်ခုံမြို့လည်အဝိုင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ခိုလမ်မြို့တွင် အငြိမ်စား ပင်စင်လစာများကို လူစုလူဝေး မဖြစ်ပေါ်စေရန် စနစ်တကျဆက်လက် ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ ခိုလမ်မြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင် လစာများကို ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်ကာ မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့ နံနက်( ၈ )နာရီ ခွဲ က ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့တွင် ဌာနဆိုင်ရာများ၏ ၁၅ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ကို ကိုဗစ်၁၉ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်များနှင့်အညီ ဆောင်ရွက်မည်


ကျောက်မဲ နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန်ကို ကိုဗစ်၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ သရက်တောကျောင်းတိုက်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ နံနက် ၉ နာရီခွဲ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ပန်လုံမြို့၌ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ အသင်းသူ/အသင်းသားများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ဝန်ထမ်းပေါင်းစုံငွေစု ငွေချေး သမဝါယမအသင်းလီမိတက်မှ ကိုဗစ်-၁၉ ကာလအတွင်းအသင်းသူ/အသင်းသားများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က ပန်လုံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း ဆောင်ရွက်မည့် ကျပ်သန်း(၁၀၀)အောက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၏ နည်းပညာအဆိုပြုလွှာ စာအိတ်(A)များ ဖွင့်ဖောက်စစ်ဆေး

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း(၁၀၀)အောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ နည်းပညာအဆိုပြုလွှာ စာအိတ်(A)များ ဖွင့်ဖောက်စစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲ က လယ်ဝေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မဟာမုနိဓမ္မဟိန်းဂူ(မိုင်းကျက်ဂူ)တွင် တည်ထားမည့် ဆုတောင်းပြည့်နှီးဘုရားပင့်ဆောင်ပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မဟာမုနိဓမ္မဟိန်းဂူ (မိုင်းကျက်ဂူ)တွင် တည်ထားကိုးကွယ်ပူဇော်ရန် ဆုတောင်းပြည့် နှီးဘုရား ရုပ်ထုတော်ကြီး ပင်လောင်းမြို့နယ် မီးသွေးချောင်းကျောင်းတိုက်မှ ပင့်ဆောင်လာရာ လွိုင်လင်မြို့သို့ ယနေ့ မွန်းလွဲ (၁)နာရီကရောက်ရှိပြီး အများပြည်သူ ဖူးမြော်နိုင်ရန် တောင်ကြီး- လွိုင်လင်-နမ့်စန် ပြည်ထောင်စုလမ်းမကြီးတွင် ခေတ္တ အပူဇော်ခံ ယူခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့တွင် ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်နေသော အခြေခံဝန်ထမ်းများ၏ သားသမီးများအတွက် ကစားစရာအရုပ်များကို တာဝန်ရှိသူများများမှ လိုက်လံပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့တွင် ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်နေသော ဌာနအသီးသီးမှ အခြေခံဝန်ထမ်းများအား ဂုဏ်ပြုသောအားဖြင့် ၎င်းတို့၏ သားသမီးကလေးငယ်များတွက် လူမှုဝန်ထမ်း ဦးစီးဌာနမှတစ်ဆင့် ယူနီဆက်မြန်မာ ပေးအပ်သော ကစားစရာအရုပ်များကို ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်မှ စတင်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးကျော်မိုး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်နန်းငင်းလိန်၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်အိရွှေစင်လတ်တို့မှ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အထက(၁) Quarantine Centre ၌ တာဝန်ထမ်းဆောင်နေသော အရန်မီးသတ်တပ်ဖွဲ့များအား အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်း

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊နောင်ချိုမြို့ အထက(၁) Quarantine Centre ၌ တာဝန်ထမ်းဆောင်နေသော အရန်မီးသတ်တပ်ဖွဲ့များအား ယမန်နေ့က အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများကို မိခင်ကလေးကျန်းမာရေးဌာန ဆရာမများ စုပေါင်း၍ လှူဒါန်းခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ပေးနေ

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိနွေစပါးနှင့် အခြားသီးနှံများစိုက်ပျိုးကြမည့် တောင်သူများအားစပါး (၁) ဧကကို (၁) သိန်းခွဲနှုန်း ၊ အခြားသီးနှံ (၁) ဧကကို (၁)သိန်းနှုန်းဖြင့် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးခြင်းကို နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် (၁၁)နာရီက မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် မုခနီးကျေးရွာနှင့် ချောင်းဆုံအနောက်ရပ်ကွက် မှ တောင်သူများအားစတင်ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
Subscribe to