ဂန့်ဂေါမြို့နယ် သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ စုပေါင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူများစည်း ကမ်းလိုက်နာကြရန်၊ လမ်းဘေးဝဲယာများတွင် အမှိုက်စွန့် ပစ်ခြင်းမရှိစေရန် ရည်ရွယ်၍ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့နံနက် ၈ နာရီက ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံဝန်းအတွင်းနှင့် ဆေးရုံအဝင်/အထွက်နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။

ဝက်လက်မြို့ ၌ မြို့နယ်အဆင့် ကျောင်းကျန်းမာရေး  ဆင့်ပွားသင်တန်း ဖွင့်လှစ်ရာ ဆရာ ၊ ဆရာမ ၂၀၀ ဦး တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့တွင် အခြေခံပညာအထက်တန်းကျောင်း ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်အဆင့် ကျောင်းကျန်းမာရေးဆင့်ပွားသင်တန်း ဖွင့်လှစ် ရာ ဆရာ ၊ ဆရာမ ၂၀၀ ဦး တက်ရောက်ကြကြောင်း သိရသည်။

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာရှိ ဈေးဆိုင်ခန်းများ ပုံမှန်ရောင်းချရေး အသိပေးခြင်းများဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ ဈေးဆိုင်ခန်းများတွင် ရောင်းချလျက်ရှိသော ဆေးဆိုင်များ၊ ဈေးဆိုင်များ၊ ကုန်စုံဆိုင်များ၊ စတိုးဆိုင်များ၊ စားသောက်ဆိုင်များ၊ ကုန်ပဒေသာဆိုင်များ၊ လမ်းဘေးပျံကျ ဈေးသည်များ၊ အိမ်ဆိုင်များ ပုံမှန်ဆက်လက် ဖွင့်လှစ်ရောင်းချရေးအတွက် လိုက်လံအသိပေးခြင်းကို ပူးပေါင်းအဖွဲ့မှ ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

ကမာရွတ်မြို့နယ်တွင်(၇၅) နှစ်​မြောက်စိန်ရတုပြည်​​​ထောင်စု​နေ့နေ့အကြို အထိမ်းအမှတ်အထက်တန်း အဆင့်ကျပန်းစကား​ပြောပြိုင်ပွဲဆက်လက်ကျင်းပ

အ​ခြေခံပညာအဆင့်သည် စာ​ပေသင်ကြား​ရေးသာမက ကာယ၊ ညဏ၊ စာရိတ္တဘက်စုံဖွံဖြိုးတိုးတက်​ရေးအတွက် နိုင်ငံ​တော်၏ အနာဂါတ်မျိုးဆက်သစ်များ​ မွေးထုတ်​ပေးသည့် အ​ဆောက်အအုံဖြစ်သည့်အား​လျော်စွာ ကျန်းမာ၍ထူးချွန်ထက်မြက်​သောမျိုးဆက်သစ်များ​ကျောင်းသားလူငယ်များ​မွေးထုတ်​ပေး​ရေးအတွက်လည်​ကောင်း ပြည်​ထောင်စု​နေ့ဖြစ်​ပေါ်လာရသည့် ဗဟုသုတများကိုသိရှိနားလည်​စေရန်နှင့် ညဏ်ပညာစွမ်း၊ နှုတ်မှုစွမ်းရည်သရုပ်​ဖော်စွမ်းရည်များရရှိ​စေရန်ရည်ရွယ်၍ရန်ကုန်အ​နောက်ပိုင်းခရိုင်က မာရွတ်မြိုနယ်တွင်ယ​နေ့နံနက်ပိုင်းကမြို့နယ်ရှိအ​ခြေခံပညာအထက်တန်း​ကျောင်းအမှတ် (၃)၌(၇၅)နှစ်​မြေက်စိန်ရတုပြည်​ထောင်စု​နေ့အကြိုအထိမ်းအမှတ်ဒုတိယ​နေ့အဖြစ်ကျပန်းစကား​ပြောပြိုင်ပွဲကို ဆက်လက် ကျင်းပကျင်းပခဲ့ပါသည်။

မြောင်းမြမြို့တွင်အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၊ မန်းစောပုလမ်းရှိ မြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို အထက(၂)ကျောင်း ရတနာခန်းမ၌ ယနေ့နံနက် (၉)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဒေသခံတိုင်းရင်းသားပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ဆေးရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိစေရေးအတွက်ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ကတ် များအား ကွင်းဆင်း၍ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ခိုလမ်မြို့တွင် အသက်-၁၈ နှစ်အထက်ပြည်သူတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (  COVISHIEID  ) ကို  ပထမအကြိမ် စတင်ထိုးနှံပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့ပေါ်ရပ်ကွက်(၆)ခုနှင့် ကျေးရွာအုပ်စုအတွင်းရှိ အသက် ၁၈-နှစ်အထက်ပြည်သူတို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ယနေ့နံနက်(၉)နာရီမှစတင်၍ ထိုးနှံပေးကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်တွင် အများပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်ချက်များအား အသိ‌ပေး နှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင်  Silent Strike (အသံတိတ်သပိတ်)နှင့် ပက်သက်ပြီး ဒေသခံပြည်သူများသိရှိစေရေး အသိပေးထုတ်ပြန်ချက်များကို ယနေ့နံနက်(၈)နာရီက မြို့ပေါ်ရပ်ကွက်များနှင့်‌ ကျေးရွာများအတွင်း အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက မိုးညှင်းတက္ကသိုလ်၌ ကိုဗစ်စည်းကမ်းလမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။
Subscribe to