ပြည်သူများ  နေ့စဉ်ပုံမှန်ဈေးရောင်းဈေး၀ယ်ပြုလုပ်နိုင်ရေး မိသားစု လှည့်လည်အသိပေးကြေညာခြင်းနှင့် လက်ကမ်းစာစောင်ပေးဝေခြင်းပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့တွင် ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်နှင့်စည်ပင်သာယာရေးဌာန၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဒေသခံပြည်သူများ နေ့စဉ်ပုံမှန်ဈေးရောင်းဈေး၀ယ်မှုပြုလုပ်သွားရေး လှည့်လည်အသိပေးကြေညာခြင်း၊ လက်ကမ်းစာ‌စောင်များ‌ပေးဝေခြင်းကို မြို့ပေါ်ရပ်ကွက်တွင်း လှည့်လည်ဆောင်ရွက်ခဲ့သည်။

ဖျာပုံမြို့၌ ပြည်သူများသက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ဖျာပုံခရိုင်အတွင်းရှိ ပြည်သူများ သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဖျာပုံမြို့၊ မြို့မစျေးကြီးတွင် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ပဉ္စမအသုတ်(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပဉ္စမအသုတ်(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဦးဆောင်မှုဖြင့် ယနေ့နံနက်(၉)နာရီခွဲက ပြည်လုံးနိုင်ရပ်ကွက် မြို့တော်ခန်းမတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ဆားလင်းကြီးမြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့တွင် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ မြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
Subscribe to