မိုးညှင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

မိုးညှင်း ဇန်နဝါရီ ၂၉

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက မိုးညှင်းတက္ကသိုလ်၌ ကိုဗစ်စည်းကမ်းလမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။

အဆိုပါကျင်းပရာတွင် ပြည်ထောင်စုနေ့သည် တိုင်းရင်းသားအားလုံးနှင့်သက်ဆိုင်ပြီး တန်ဖိုးထားမြတ်နိုးရသည့် နေ့တစ်နေ့ဖြစ်သောကြောင့် ကျောင်းသားကျောင်းသူများနှင့် လူငယ်လူရွယ်များအား ပိုပြီးတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍  မိုးညှင်းတက္ကသိုလ် နေ့သင်တန်းတွင် ပညာသင်ကြားနေသည့် ဂုဏ်ထူးတန်း(တတိယနှစ်)၊ မဟာအရည်အချင်းစစ်နှင့် မဟာဘွဲ့သင်တန်း (ပထမနှစ်) တို့မှ ကျောင်းသားကျောင်းသူများက စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုသို့ယှဉ်ပြိုင်ကြရာ၌ စာစီစာကုံးပြိုင်ပွဲတွင် (၇)ဦးနှင့် ကဗျာပြိုင်ပွဲတွင် (၃)ဦး စုစုပေါင်းကျောင်းသား ကျောင်းသူ(၁၀)ဦး ယှဉ်ပြိုင်ကြရာ  ဒုတိယပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်း ဦးဆောင်သည့် ဌာနမှူးဆရာ/ဆရာမများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)