(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယောင်းမြို့၌ အကြမ်းဖက်အဖွဲ့များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိစေရန် အသိပေးနှိုးဆော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၌ အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင်  ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် ပါဝင်ပတ်သက်ခြင်းမရှိစေရန် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ရပ်ကွက်/ ကျေးရွာများအတွင်း အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ရွှေဘိုတက္ကသိုလ်၌ စာစီစာကုံး၊ကဗျာ၊ဆောင်းပါး၊ကျပန်စကားပြောနှင့်ပန်းချီပြိုင်ပွဲကျင်းပ

 စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုတက္ကသိုလ်၊ ရတနာသိင်္ဃခန်းမ၌ ဇန်နဝါရီလ ၂၉ ရက်နေ့ ၊နံနက် ၉နာရီအချိန်က (၇၅)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်းစကားပြောနှင့်ပန်းချီ ပြိုင်ပွဲကိုကျင်းပခဲ့သည်။

ပိုင်ကျုံတိုက်နယ်‌ ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သတ္တမအသုတ်(ဒုတိယ)အကြိမ် လူဦးရေ (၅၇၀)ဦး ထိုးနှံပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန် နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်​ ဆေးထိုးနှံ​ပေးလျက်ရှိကြောင်း သိရသည်။

ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ ယနေ့ နံနက် (၉) နာရီ က (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့ သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် အမှိုက်ကင်းစင်သော မြို့တစ်မြို့ဖြစ်စေရန် ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီခွဲအချိန်က မြို့နယ်ပညာ ရေးမှူးရုံးရှေ့မှစတင်ကာ ဆောင်ရွက်ကြသည်။

ဆီဆိုင်မြို့ စည်ပင်သာယာဈေးတွင် ဈေးဆိုင်များ စနစ်တကျ ပုံမှန်ရောင်းချရေး လမ်းညွှန်ချက် အသိပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့စည်ပင်သာယာ ဈေးများတွင်း ရောင်းချလျက်ရှိသည့် ဈေးဆိုင်၊ ဈေးခန်းများအား စနစ်တကျ ပုံမှန်ရောင်းချရေး အသိပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့်တာဝန်ရှိသူများက လိုက်လံအသိပေးဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့အထကကျောင်း၌သတင်းမှား/သတင်းမှန်ခွဲခြားနိုင်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ဇန်နဝါရီလ ၂၉ ရက်နေ့နံနက်ပိုင်းက သတင်းမှား/သတင်းမှန်ခွဲခြားနိုင်ရေးအသိပညာပေး ဟောပြော ပွဲကျင်းပရာ ရှေးဦးစွာ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နှင်း ယုဝေကသတင်းမှား/သတင်းမှန်ခွဲခြားနိုင်မည့်နည်းလမ်း များနှင့်သတင်းတုမှန်း သိသာစေမည့် နည်းလမ်း(၈)မျိုး အကြောင်းကို အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျိုက်လတ်မြို့ ပေါင်းဆန်စက်ရုံတွင် မီးငြိမ်းသတ်‌ရေးသရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများ မရှိ‌စေရေး၊ ဘာသာရေးအဆောက်အအုံများ၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားမှု မရှိစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်၁၀ နာရီက ကျိုက်လတ်မြို့၊ အမှတ် (၁)ရပ်ကွက်၊ ပေါင်းဆန်စက်ရုံတွင် မီးငြိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း သံတွဲခရိုင်၊ ဂွမြို့နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်ဝန်ကြီးချူပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက သံတွဲခရိုင်၊ ဂွမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Subscribe to