မြောက်ဦးခရိုင် Community Center ခန်းမ၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်ပြပွဲခင်းကျင်းပြသ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် (၁၁)အချိန်က စာအုပ်ပြပွဲခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် စာစီစာကုံး၊ကဗျာ၊ပန်းချီနှင့်ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ၊ ဘုတ်ပြင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့်ကျပန်း စကားပြောပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အထက-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့၊ မြို့မိ၊ မြို့ဖ ဒေသခံအလှူရှင်များ စုပေါင်းလှူဒါန်းထားသော အောက်စီဂျင်စက်ရုံဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အောက်စီဂျင်အရေးပေါ်လိုအပ်မှုများကို ဖြည့် ဆည်းဆောင်ရွက်ပေးနိုင်ရန်  မြို့မိ၊ မြို့ဖ ဒေသခံအလှူရှင်များ စုပေါင်းလှူဒါန်းထားသော သိန်း(၁၄၀၀)ကျော်ခန့် တန်ဖိုးရှိ အောက်စီဂျင်စက် အန္တရာယ်ကင်းပရိတ်တရားနာနှင့် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ယနေ့နံနက်က စိတ္တသုခလူမှုကူညီရေး အသင်းရုံးအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မဘိမ်းမြို့၌ ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ  

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ ဆွမ်း ဆန်စိမ်းလောင်းလှူပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

သီပေါမြို့နယ်တွင် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ကာ အားကစားကိုစိတ်ပါဝင်စားပြီး မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အမှတ်(၆) အခြေခံပညာ အလယ်တန်း ကျောင်းခွဲရှိ ကျောင်းသား၊ ကျောင်းသူများအား အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းတွင် ပြုလုပ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ပုလဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနတာဝန်ရှိသူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပုလဲရတနာခန်းမ၌၊ ယမန်​နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနတာဝန်ရှိသူများ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။

ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂)ရပ်ကွက် သုဿာန်အဝင်လမ်း ကျောက်စီရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီး ရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ သုဿာန်အဝင်လမ်း ကျောက်စီရေမြောင်းအပိုင်း(၄)ပြုလုပ်ခြင်း လုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရာမှ ယခုအချိန်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲ မြို့နယ်အဆင့်အခမ်းအနားနှင့် ပြိုင်ပွဲများကို ယမန်နေ့ နံနက်၉နာရီ အချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ် အထက်လင်းဇင်းမြောင်းအား သဲနုန်းတူးဖော်ခြင်းနှင့် မြောင်းဆလံအချောသတ်ခြင်းလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေများပေးဝေရာတွင် ပြည့်ဝစွာ ပေးနိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေမြောင်းများအား ပြန်လည်ပြုပြင် ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် သံရွာကျေးရွာအုပ်စု၊ ညွှန့်ပင်ကျေးရွာအနီးရှိ အထက်လင်းဇင်း မြောင်းအား သဲနုန်းတူးဖော်ခြင်းနှင့် မြောင်းဆလံအချောသတ်ခြင်းလုပ်ငန်းများ ဆောက်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသခံအစုအဖွဲ့ ပိုင်သစ်တော တည်ထောင်ခွင့်လက်မှတ် ပေးအပ်ခြင်းအခမ်းအနား ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသခံ အစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခွင့်လက်မှတ်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သစ်တောဦးစီး ဌာနရုံးခန်းတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to