စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ မုံရွာမြို့ လယ်တီရပ်ကွက်ရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းသည် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ နှင့်အတူ မုံရွာမြို့ လယ်တီရပ်ကွက်ရှိ ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှူရေး အစရှိသော လုပ်ငန်းများဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းစေရေးရည်ရွယ်လျက် ပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေ ၃ နာရီအချိန်က မုံရွာမြို့ လယ်တီရပ်ကွက် ဘုန်းေတာ်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။