ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာရှိ ဈေးဆိုင်ခန်းများ ပုံမှန်ရောင်းချရေး အသိပေးခြင်းများဆောင်ရွက်

ဆီဆိုင်      ဇန်နဝါရီ       ၂၉

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ ဈေးဆိုင်ခန်းများတွင် ရောင်းချလျက်ရှိသော ဆေးဆိုင်များ၊ ဈေးဆိုင်များ၊ ကုန်စုံဆိုင်များ၊ စတိုးဆိုင်များ၊ စားသောက်ဆိုင်များ၊ ကုန်ပဒေသာဆိုင်များ၊ လမ်းဘေးပျံကျ ဈေးသည်များ၊ အိမ်ဆိုင်များ ပုံမှန်ဆက်လက် ဖွင့်လှစ်ရောင်းချရေးအတွက် လိုက်လံအသိပေးခြင်းကို ပူးပေါင်းအဖွဲ့မှ ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

ယင်းသို့ အသိပေးဆောင်ရွက်ရာတွင် ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာအတွင်း ရောင်းချလျက်ရှိသော ဆေးဆိုင်များ၊ ဈေးဆိုင်များ၊ ကုန်စုံဆိုင်များ၊ စတိုးဆိုင်များ၊ စားသောက်ဆိုင်များ၊ ကုန်ပဒေသာဆိုင်များ၊ လမ်းဘေး ပျံကျဈေးသည်များ၊ အိမ်ဆိုင်များအနေဖြင့် မိမိတို့ဖွင့်လှစ်နေကြအတိုင်း စိတ်အေးချမ်းစွာဖြင့် ပုံမှန်ဖွင့်လှစ်သွားရေး သိရှိလိုက်နာဆောင်ရွက်သွားရန် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အုပ်စု အုပ်ချုပ်ရေးမှူးတို့က လိုက်လံ အသိပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)