ဆင်ပေါင်ဝဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံ ခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးသိန်းဇော်၊ ခရိုင်ရဲတပ်ဖွဲ့မှုးကြီး ဆန်းနိုင်ဦး၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုးလှမြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးဝင်းရွှေနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များသည် ယနေ့နံနက်(၉)နာရီက ဧကရာဇ်ကျေးရွာသို့ရောက်ရှိ၍ ဒေသခံကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။

ကျောက်ဆည်မြို့နယ်ရှားပင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေနှင့် ပြည်သူများ ထည့်ဝင် လှူဒါန်းငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ကွင်းဆင်း စစ်ဆေး

မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး  ဦးသိန်း ထိုက်ဦးနှင့် ကျောက်ဆည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဝင်းမြင့် ၊မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေး၊ ဒေါ်ဌေးရီ ဦးစီးအရာရှိ(နည်းပညာ)တို့သည် ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်ရှားပင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေနှင့် ပြည်သူများထည့်ဝင် လှူဒါန်းငွေများဖြင့်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ စနစ် တကျရှိရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို‌ပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

မူးယစ်ဆေးဝါးကင်းစင်သည့် အနာဂတ်မျိုးဆက်သစ် ကျောင်းသားကျောင်းသူများဖြစ်‌စေရန်နှင့် စာသင်ကျောင်းအနီးအနားတွင် ဆေးလိပ်အပါအဝင် မူးယစ်ဆေးဝါးနှင့်စိတ်ကို‌ပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ်မှ တားဆီးကာကွယ်‌‌နိုင်စေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ဟောပြောဆောင်ရွက်ခဲ့သည်။

မုဒုံမြို့၌ ဥယျာဉ်ခြံသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး (TOT) သင်တန်းဖွင့်လှစ်

မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နှစ်ရှည်ဥယျာဉ်သီးနှံပင်များ မျိုးကောင်း၊မျိုး သန့်ထုတ်လုပ်ရေး၊လေ့ကျင့်ပညာ ပေးရေးနှင့်သုသေတနဖွံ့ဖြိုးရေးအတွက် ဥယျာဉ်ခြံ သီးနှံကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး နည်းပညာပေး (TOT) သင်တန်းကို ယနေ့နံနက် ၉ နာရီ က မုဒုံမြို့နယ် အဇင်းဥယျာဉ်ခြံရှိ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

မန်းရွှေစက်တော် ဘုရားပွဲတော်နှင့် မန်းချောင်းအပန်းဖြေဆင်စခန်းကို တစ်ပြိုင်နက်ထဲ ဖွင့်လှစ်သွားမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်နှင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို ယခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တစ်ပြိုင်နက်ထဲ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီထံက သိရသည်။

ပိုင်ကျုံမြို့ နောင်ခွီးကျေးရွာအုပ်စု နောင်ဒိုင်း - သောင့်တော် ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းအား မြေသားဂဝံလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝတိုးတက် မြင့်မားလာစေရေးနှင့် သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ နောင်ခွီးကျေးရွာအုပ်စု နောင်ဒိုင်း - သောင့်တော် ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းအား မြေသားဂဝံလမ်းခင်းခြင်းလုပ်ငန်းကို နို၀င်ဘာလ ၁၄ရက်နေ့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယမန်နေ့က ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့၊ နံနက် (၈)နာရီမှ ညနေ (၃)နာရီအထိ လေးဒေါင့်ကန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ၌ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ပေါက်တောမြို့နယ်အတွင်းရှိ ရဟန်း၊သာမဏေများအား စားအုန်းဆီဆက်ကပ် လှူဒါန်းပြီး တိုက်ပွဲရှောင်ပြည်သူများအား စားအုန်းဆီထောက်ပံ့ပေး

ရခိုင်ပြည်နယ် အစိုးရအစီအစဉ်ဖြင့် ပေါက်တောမြို့နယ်အတွင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များအား စားအုန်းဆီဆက်ကပ် လှူဒါန်းခြင်းကို ပေါက်တောမြို့ ဘဝမ်းဘုန်းတော်ကြီး ကျောင်း၌ ယနေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်သည်။

ဝါးခယ်မမြို့နယ်‌အောက်ဝဲကျေးရွာအုပ်စုတွင်ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသား ကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဇန်နဝါရီ ၂၈ ရက်နေ့ နံနက်(၈)နာရီက အောက်ဝဲသာကျေးရွာအုပ်စုရှိပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။
Subscribe to