ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဒေသခံတိုင်းရင်းသားပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ဆေးရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်

ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၂၉

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးရရှိစေရေးအတွက်ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ကတ်များအား ကွင်းဆင်း၍ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါဒေသခံတိုင်းရင်းသားပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများအား ကိုင်ဆောင် သင့်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်‌ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီလ(၂၈)ရက်နေ့ ယမန်နေ့က ဝင်းရော် ဆိပ်ကြီးကျေးရွာအုပ်စု ဝင်းရော်ဆိပ်ကြီး ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ လူဝင်မှုကြီး‌ကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများက ကွင်းဆင်းသွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထို့သို့‌ပန်းခင်းစီမံချက်ဖြင့်  ဒေသခံတိုင်းရင်းသားပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ် ဆောင်ရွက် ပေးရခြင်း၏ရည်ရွယ်ချက်များ လုပ်ငန်းစဉ်များ ပြုလုပ် ဆောင်ရွက်ပေး နေမှု အခြေအနေများနှင့် အိမ်တိုင်း အိမ်ထောင်စု လက်ဝယ်ရရှိရေးအတွက် ကျေးရွာအရောက် ကွင်းဆင်းသွားရောက်ပြီး ပြုလုပ်ဆောင်ရွက်ပေးနေမှု လုပ်ငန်းစဉ်များအား ခရိုင်ဦးစီးမှူး ဦးအက်စလင်းရောင်မှ ဒေသခံပြည်သူများ သိရှိနားလည်နိုင်စေရေး အတွက် ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ဒေသခံတိုင်းရင်းသားပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများအားစီမံချက်နှင့်အညီ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါကျေးရွာအုပ်စုမှ ဝင်းရော်ဆိပ်ကြီးကျေးရွာနှင့် မိပရံကျေးရွာ နှစ်ရွာမှ ဒေသခံတိုင်းရင်းသားပြည်သူ (၁၈၃)ဦး အား နေ့ချင်းပြီးပြုလုပ်ဆောင်ရွက်ကာ ပြည်သူ့လက်ဝယ်အရောက် လွဲပြောင်း ပေးအပ် နိုင်ခဲ့ကြောင်းသိရသည်။

မျိုးမင်းဦး