ဘုတ်ပြင်းမြို့နယ်တွင် အများပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်ချက်များအား အသိ‌ပေး နှိုးဆော်

ဘုတ်ပြင်း ဇန်နဝါရီလ  ၂၉


တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင်  Silent Strike (အသံတိတ်သပိတ်)နှင့် ပက်သက်ပြီး ဒေသခံပြည်သူများသိရှိစေရေး အသိပေးထုတ်ပြန်ချက်များကို ယနေ့နံနက်(၈)နာရီက မြို့ပေါ်ရပ်ကွက်များနှင့်‌ ကျေးရွာများအတွင်း အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့နှိုးဆော် အသိပေးသတင်းထုတ်ပြန်ရာတွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့်ယင်းတို့နှင့်ဆက်နွယ်‌နေသည့် အဖွဲ့အစည်းများ ၊လူပုဂ္ဂိုလ်များ၏ Facebook Accountများမှ နိုင်ငံတော်တည်ငြိမ်ရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း များစသည့် အသံတိတ်သပိတ်ပြုလုပ်ရန် လှုံ့ဆော်မှုများ လူမှုကွန်ရက်များ၌ ပျံ့နှံ့နေသည်ကို တွေ့ရှိ ရပါသည်။
အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက် Facebook Account များမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်လျက် ရှိခြင်းကြောင့်  ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍  ဖြစ်စေလိုက်ပါလုပ်ဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေ၊ ပြုလုပ်ခြင်း၊ လှုံ့ဆော် ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည်တို့ကိုပြုလုပ်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ၊ရာဇသတ်ကြီးပုဒ်မ. ၁၂၄ -ကနှင့် ပုဒ်မ ၅၀၅ -က ၊အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၃ (က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်း အသိပေးထုတ်ပြန်ချက်များပါရှိသည်။

အဆိုပါ အသိ‌ပေးထုတ်ပြန်ချက်များကို ဘုတ်ပြင်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းတို့က ပူးပေါင်း၍ ရပ်ကွက်၊‌ကျေးရွာများတွင် လိုက်လံအသိ‌ပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)