ဒေါပုံမြို့နယ်အ.ထ.က(၁)ကျောင်းတွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကျပန်း၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ ပြိုင်ပွဲကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့မွန်းတည့် ၁၂နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ကျပန်း၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ်၌ အစိုးရ၏သတင်းထုတ်ပြန်ချက်များကို ပြည်သူများသိရှိနိုင်စေရန် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ အကြမ်းဖက်အဖွဲ့အအစည်းများ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်း‌ရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ရမ်းဗြဲမြို့နယ်အတွင်းရှိပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရအ‌ရေးယူခံရနိုင်သဖြင့် ပါဝင်ပတ်သက်ခြင်းမရှိစေရန်နှင့် အစိုးရ၏ သတင်းထုတ်ပြန်ချက်များကိုပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်း ဆင်းပွဲကျင်းပ

အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး( မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်( ၉) နာရီက  မြို့နယ်မီးသတ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တောင်ကုတ်မြို့နယ် တန်းလွဲရွာမမြို့၊ မြို့အုပ်ချုပ် ရေးမှူးရုံးဖွင့်ပွဲနှင့် အထက ကမ်းဒေးကျောင်း၊ မြတ်ဒါနစာသင်ဆောင်လွှဲပြောင်းပေးအပ်ပွဲ တက်ရောက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လည်ပိုင်းက တောင်ကုတ်မြို့နယ် တန်းလွဲရွာမမြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး ဖွင့်ပွဲနှင့် ကမ်းဒေး ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ မြတ်ဒါန စာသင်ဆောင် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား သို့တက်ရောက်ခဲ့ကြသည်။

(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ (အကြို) အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ဆောင်းပါး၊ ကဗျာ၊ ပန်းချီ၊ ကျပန်း စကားပြောပြိုင်ပွဲများကျင်းပ

ပြည်ထောင်စုနေ့အကြောင်း ဗဟုသုတများသိရှိနားလည်ပြီး ဉာဏ်ရည်ထက်မြက်သည့် ကျောင်းသား၊ကျောင်းသူများဖြစ်ပေါ်လာစေရန်၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူချွန်လူကောင်းများ ဖြစ်ပေါ်လာစေရန် အသိပညာဗဟုသုတများ ကြွယ်ဝတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက(၉)နာရီက အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းတွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို) အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာ၊ ပန်းချီ၊ ကျပန်း စကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းစံမြို့၌ အများပြည်သူများ သိရှိစေရန် သတင်းထုတ်ပြန်ချက်များအား အသိပေး လက်ကမ်းစာစောင်ဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့တွင် အကြမ်းဖက်အဖွဲ့ဝင်များ၏ နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မူများတွင် ပြည်သူများအနေဖြင့်ပါဝင် ပတ်သက်မှု မရှိစေရေးအတွက် အသိပေးလက်ကမ်းစာစောင်များအား ယမန်နေ့ ညနေပိုင်းအချိန်ကမြို့ပေါ် ရှိမိဘပြည်သူများထံသို့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။

(၇၅)နှစ်​မြောက် ပြည်​ထောင်စု​နေ့ အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊​ဆောင်းပါး ပြိုင်ပွဲ ကျင်းပ

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အထက(၁)၊ ဗဟိုစံပြခန်းမတွင်(၇၅)နှစ်​မြောက် ပြည်​ထောင်စု​နေ့အထိမ်းအမှတ် မြို့နယ်အဆင့် (အထက်တန်း)စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါး ပြိုင်ပွဲကို ယ​နေ့နံနက်(၉)နာရီ အချိန်က ကျင်းပခဲ့​ကြောင်း သိရသည်။

မင်းဘူးမြို့ပွဲရုံများသို့ ငရုတ်သီးစိမ်းများ လှိုင်လှိုင်ဝင်ရောက်

မကွေးတိုင်ဒေသကြီး မင်းဘူးမြို့ရှိ ပွဲရုံများသို့ ငရုတ်သီးစိမ်းများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း မင်းဘူးမြို့ အမှတ် ( ၃ ) ပွဲရုံပိုင်ရှင် ဒေါ်ငြိမ်းထံမှ သိရသည်။

ဟိုပန်မြို့တွင် ဈေးဆိုင်ခန်းများ ပုံမှန်ရောင်းချရေး အသိပေးခြင်းများဆောင်ရွက်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်များ၊ ကုန်စုံဆိုင်များ၊ စတိုးဆိုင်များ ပုံမှန်ဆက်လက်ဖွင့်လှစ်ရောင်းချရေးအတွက် လိုက်လံအသိပေးခြင်းကို ပူးပေါင်းအဖွဲ့မှ ယနေ့နံနက်၁၁နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။

ရေးမြို့နယ် လူထုအ​ခြေပြုဗဟိုဌာန၌ က​လေးအလုပ်သမားပ​ပျောက်​ရေးအသိပညာ​ပေး​ဆွေး​​နွေးပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ် ​ရေးမြို့နယ်တွင် က​လေးအလုပ်သမားပ​ပျောက်​ရေး အသိပညာ​ပေး​​​ဆွေးနွေးပွဲကို မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန၌ ယ​နေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to