မြောင်းမြမြို့တွင်အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မြောင်းမြ ဇန်နဝါရီ  ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၊ မန်းစောပုလမ်းရှိ မြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးအုန်းသိန်းမှ သင်တန်းဆင်း အမှာစကား ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူးဦးသန့်ဇင်မင်းနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲတို့မှ သင်တန်းတွင် ထူးချွန်သူများအား ဆုများချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီးနောက် သင်တန်း သားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

သင်တန်းအား(၃−၁−၂၀၂၂)မှ (၂၈−၁−၂၀၂၂)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီးစည်းကမ်းသေဝပ်မှု (လက်နက်မဲ့စစ်ရေးပြ)၊ မီးသတ်ဘာသာရပ်(စာတွေ့/လက်တွေ့)၊ရှာဖွေကယ်ဆယ်ရေးဘာသာရပ်(စာတွေ့/လက်တွေ့)ဘာသာရပ်တို့သင်ကြားပေးခဲ့ရာသင်တန်း သား(၅၀)ဦး တက်ရောက်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးအုန်းသိန်း၊ ဦးအောင်တင်ထွန်း၊ မြို့နယ်လဝကဦးစီးမှူးဦးထွန်းငြိမ်း၊ အတွင်းရေးမှူးမြို့နယ်ရဲမှူး ရဲမှူးမြင့်စိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများ စုစုပေါင်းအင်အား(၈၀)ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

မြောင်းမြ(ပြန်/ဆက်)