ဂန့်ဂေါ ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူများစည်း ကမ်းလိုက်နာကြရန်၊ လမ်းဘေးဝဲယာများတွင် အမှိုက်စွန့် ပစ်ခြင်းမရှိစေရန် ရည်ရွယ်၍ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့နံနက် ၈ နာရီက ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံဝန်းအတွင်းနှင့် ဆေးရုံအဝင်/အထွက်နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ ခရိုင်/မြို့နယ်ရဲတပ် ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ဆေးရုံဝင်ပေါက်မှ ခြုံနွယ်များရှင်းလင်းခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ဆေးရုံဝန်းအတွင်းမှ ပေါင်းပင်/မြက်ပင်များရှင်းလင်းခြင်းနှင့် အမှိုက်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)