မဘိမ်းမြို့တွင် သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ သတင်း ထုတ်ပြန်ချက် များအား ဈေးဆိုင်များ၊ အိမ်ဆိုင်များနှင့် အများပြည်သူများ သိရှိလိုက်နာကြစေရန် သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က မဘိမ်းမြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဈေးဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြဝတီမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကိုယနေ့နံနက်၇နာရီကပြုလုပ်ကြောင်းသိရသည်။ ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့် နှင့်အဖွဲ့ဝင်များ၊ မြဝတီမြို့ ရှေ့တန်းတပ်ရင်းမှူး၊ အမှတ်(အမှတ်၂၇၅) ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူး စိုင်းဇော်မိုးထွန်း၊ ​ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မြင့်ဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းဇော် နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးသည်။

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ကဗျာ၊ ကျပန်းစကားပြောနှင့် ပန်းချီပြိုင်ပွဲ ပုလောမြို့နယ်၌ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် (၉) နာရီ အချိန်က ပုလောမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မကွေးပညာရေး ဒီဂရီကောလိပ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်သင်ပညာဦးစီးဌာန၊ မကွေးပညာရေးဒီဂရီကောလိပ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါး ပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က မကွေးပညာရေးဒီဂရီကောလိပ်၊ အောင်ဆန်း စာသင် ဆောင်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ နေ့စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂) တက်ရောက်

မကွေးတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ နေ့စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)ကို ဇန်နဝါရီလ ၂၈ ရက် နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အမှာစကား ပြောကြားသည်။

မြန်အောင်တွင် ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုး

ဟင်္သါတခရိုင်၊ မြန်အောင်မြို့နယ်၊ လဟာပေါက်ကျေးရွာအုပ်စု၊ ဆင်ကျုံးကွင်းကျေးရွာ ကွင်း အမှတ် ၂၇၃(က)ရှိ တောင်သူဦးအုန်းလွင်၏ နွေစပါးစံပြ(၅)ဧကစိုက်ခင်း၌ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသရုပ်ပြခြင်းကို ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီက ကျင်းပသည်။

ပုလောမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ရှပ်ပုံကျေးရွာ၌   နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်/ကျေးရွာအသီးသီးသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီ  ပုလောမြို့နယ် ရှပ်ပုံကျေးရွာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဖြူပညာရေးဒီဂရီကောလိပ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်  စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ပြုလုပ်ကျင်းပ

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့်(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကို ပညာရေး ဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်ရှိ ပညာ တန်ဆောင်ခန်းမတွင်  ယနေ့နံနက် ၉ နာရီက စတင်ကျင်းပ လျက်ရှိရာ လုပ်ငန်းခွင် အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း(PPTT)တက်ရောက်နေကြသည့် ဆရာ၊ ဆရာမများမှ စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ပိုင်ကျုံမြို့တွင် လူဦးရေ(၁၁၅၉၅)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန်ရည်ရွယ်၍  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ပိုင်ကျုံမြို့အတွင်းရှိ ပိုင်ကျုံတိုက်နယ်ဆေးရုံတွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှစတင်ခဲ့ရာ ယနေ့တွင် သတ္တမ အသုတ်အထိ အကြိမ်ပြည့် ထိုးနှံပြီးစီးခဲ့ပြီးဖြစ်သည်။

တောင်ငူပညာရေးဒီဂရီကောလိပ်၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး ၊ ကဗျာ နှင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်တွင် ဇန်နဝါရီလ ၂၉ ရက် နံနက်ပိုင်းက ဆရာအတတ်ပညာဦးစီးဌာန အောက်ရှိ တောင်ငူပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌  (75) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး ၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပသည်။
Subscribe to