မိုးကောင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

မိုးကောင်း ဇန်နဝါရီ ၂၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို အထက(၂)ကျောင်း ရတနာခန်းမ၌ ယနေ့နံနက် (၉)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် မိုးကောင်းမြို့နယ် ကျောင်းပေါင်းစုံမှ အထက်တန်းအဆင့်ကဗျာကို ကျောင်းသား(၄)ဦး၊ ကျောင်းသူ(၁၆)ဦးတို့က သွေးစည်းညီညာသာဓက ပြည်ထောင်စုသမိုင်းအစ၊ ပေါင်းစည်းဖော်ဆောင်တို့ပြည်ထောင်၊ စည်းလုံးမှုအခြေခံမျိုးချစ်အားမာန် ခေါင်းစဉ်များမှ မိမိမဲနှိုက်ကျရာခေါင်းစဉ်များဖြင့်  ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါကျပန်းစကားပြောပြိုင်ပွဲကို ဌာနဆိုင်ရာများ၊ ကျောင်းအုပ်များ၊ ကျောင်းသားမိဘနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)