ဝက်လက် ဇန်နဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့တွင် အခြေခံပညာအထက်တန်းကျောင်း ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်အဆင့် ကျောင်းကျန်းမာရေးဆင့်ပွားသင်တန်း ဖွင့်လှစ် ရာ ဆရာ ၊ ဆရာမ ၂၀၀ ဦး တက်ရောက်ကြကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်ကျောင်းကျန်းမာရေး ကော်မတီနာယက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လှိုင်မှ အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လတ်က ကျောင်းကျန်းမာရေးဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။
ကျောင်းကျန်းမာရေးဆင့်ပွား သင်းတန်းသို့ မြို့နယ်တွင်းရှိ ကျေးရွာအသီးသီးမှ ဆရာ ၊ ဆရာမ ၂၀၀ ဦး တက်ရောက်ရာ ၊သင်တန်းကို နှစ်ရက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီးကဲများလည်း တက်ရောက်ကြကြောင်း သိရသည်။