ကမာရွတ်မြို့နယ်တွင်(၇၅) နှစ်​မြောက်စိန်ရတုပြည်​​​ထောင်စု​နေ့နေ့အကြို အထိမ်းအမှတ်အထက်တန်း အဆင့်ကျပန်းစကား​ပြောပြိုင်ပွဲဆက်လက်ကျင်းပ

ရန်ကုန်   ဇန်နဝါရီ  ၂၉

အ​ခြေခံပညာအဆင့်သည် စာ​ပေသင်ကြား​ရေးသာမက ကာယ၊ ညဏ၊ စာရိတ္တဘက်စုံဖွံဖြိုးတိုးတက်​ရေးအတွက် နိုင်ငံ​တော်၏ အနာဂါတ်မျိုးဆက်သစ်များ​ မွေးထုတ်​ပေးသည့် အ​ဆောက်အအုံဖြစ်သည့်အား​လျော်စွာ ကျန်းမာ၍ထူးချွန်ထက်မြက်​သောမျိုးဆက်သစ်များ​ကျောင်းသားလူငယ်များ​မွေးထုတ်​ပေး​ရေးအတွက်လည်​ကောင်း ပြည်​ထောင်စု​နေ့ဖြစ်​ပေါ်လာရသည့် ဗဟုသုတများကိုသိရှိနားလည်​စေရန်နှင့် ညဏ်ပညာစွမ်း၊ နှုတ်မှုစွမ်းရည်သရုပ်​ဖော်စွမ်းရည်များရရှိ​စေရန်ရည်ရွယ်၍ရန်ကုန်အ​နောက်ပိုင်းခရိုင်က မာရွတ်မြိုနယ်တွင်ယ​နေ့နံနက်ပိုင်းကမြို့နယ်ရှိအ​ခြေခံပညာအထက်တန်း​ကျောင်းအမှတ် (၃)၌(၇၅)နှစ်​မြေက်စိန်ရတုပြည်​ထောင်စု​နေ့အကြိုအထိမ်းအမှတ်ဒုတိယ​နေ့အဖြစ်ကျပန်းစကား​ပြောပြိုင်ပွဲကို ဆက်လက် ကျင်းပကျင်းပခဲ့ပါသည်။

အဆိုပါယှဉ်ပြိုင်မှုကိုမြိုနယ်ပညာ​ရေးမှုး​ ဒေါက်တာမြင့်မြင့်စန်း၊ ဒုတိယမြို့နယ်ပညာ​ရေးမှုးဦးဆန်းထွန်း၊ သက်ဆိုင်ရာ​ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်သူဆရာ၊ ဆရာများက လှည့်လည်ကြည့်ရှု့ခဲ့ကြပါသည်။

ပြိုင်ပွဲကိုမြို့နယ်အတွင်းရှိ​အ​ခြေခံပညာအထက်တန်းကျောင်းများနှင့်ပုဂ္ဂလိက​ကျောင်းများမှ​ကျောင်းသား​ကျောင်သူများဝင်​ရောက်ယှဉ်ပြိုင်ကြရာဒုတိယ​နေ့၌အထက်တန်းအဆင့်ကျပန်းစကားပြိုင်ပွဲကိုငြိမ်းချမ်း​ရေးရာပြည်ဆီသို့​ခေါင်းစဥ်ဖြင့်​ကျောင်းသား​ကျောင်းသူ(၁၀)ဦးမှဝင်​ရောက်ယှဥ်ပြိုင်ခဲကြပါသည်။

ကမာရွတ်မြို့နယ်တွင်အထက်တန်းဆင့်စာစီစာကုံးပြိုင်ပွဲတွင်(၁၆) ဦး ၊ ပန်ချီပြိုင်ပွဲတွင်(၁၁)ဦး၊ကဗျာ​ရေးပြိုင်ပွဲတွင် (၉)ဦး၊​ ဆောင်းပါးပြိုင်ပွဲတွင်(၄)ဦး၊ကျပန်းစကား​ပြောပြိုင်ပွဲတွင်(၁၀)ဦး စုစု​ပေါင်း​ကျောင်းသား​ ကျောင်းသူ(၅၀)ဦးမှ ပြိုင်ပွဲအမျိုးစား (၅)မျိုးဖြင့်ဝင်​ရောက်ယှဥ်ပြိုင်ခဲ့​ကြောင်းသိရှိရပါသည်။အဆိုပါယှဉ်ပြိုင်မှုများကို ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ကာကွယ်​ရေးစည်းကမ်းများနှင့်အညီကျင်းပ​ဆောင်ရွက်​ ပေးခဲ့​ ကြောင်းသိရပါသည်။

စိမ်းလဲ့(ပြန်ဆက်)