ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာလမ်းပေါ်တွင် Box Culvert တစ်စင်း တည်ဆောက်ပေးခြင်း ရာနှုန်းပြည့်ပြီးစီး
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝတိုးတက် မြင့်မားလာစေရေးနှင့် သွားလာရေး လွယ်ကူ အဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာ လမ်းပေါ်တွင် Box Culvert တစ်စင်း တည်ဆောက်ပေးခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၂၆ ရက်နေ့မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။