မိုင်းယောင်းမြို့၌ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြခန်း/ပြပွဲကျင်းပ

မိုင်းယောင်းမြို့၌ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြခန်း/ပြပွဲကျင်းပ မိုင်းယောင်း ဖေဖော်ဝါရီ ၁၁ နန်းပန်

ဆင်ပေါင်ဝဲမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် (ဧပြီမှမတ်လအထိ) အရပ်ရပ် အခွင့်အရေးလိုင်စင်များ လေလံရောင်းချပွဲအခမ်းအနားကို ယမန်နေ့နံနက်က ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မြို့နယ်ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။

(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျောက်မဲမြို့ မြို့အဝင် မုခ်ဦး ဖွင့်ပွဲ အခမ်းအနားကျင်းပ

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ Clean & Green Cities ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သော ကျောက်မဲမြို့ မြို့အဝင် မုခ်ဦး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့၌ ပြည်ထောင်စုနေ့အကြောင်းအသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် (၉) နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပကြောင်း သိရသည်။

မော်လမြိုင်တက္ကသိုလ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ဆုရရှိသူ ဆုများချီးမြှင့်ပေးအပ်

ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ဇန်နဝါရီ ၂၉ ရက်က ကျင်းပခဲ့ပြီး  ဆုရရှိသူ များအား  ယနေ့ နံနက် ၁၀ နာရီက  မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ် အခန်းအမှတ်(၁၅)တွင် ဆုပေးပွဲကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ သည်။

ပူတာအိုမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲယှဉ်ပြိုင်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူး၍ ကျောင်းသူ၊ ကျောင်းသားများ အရောင်ကို ခွဲခြားတတ်စေပြီး အရောင်ကို အသုံးပြုတတ်လာစေရန်၊ စည်းဘောင်များကို သိရှိနား လည်လာစေရန်၊ ကလေးများ တီထွင်ကြံဆတတ်သည့် စိတ်ကူးစိတ်သန်းများ ရှင်သန်လာစေရန်နှင့် မျိုးချစ်စိတ်ရှင် သန်ခိုင်မာလာစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

ပခုက္ကူမြို့၌ အသက် ၂ လမှ ၁၈ လအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် စုစုပေါင်း လေးထောင်ခုနစ်ရာကျော်တို့အား ပုံမှန်ကာကွယ်ဆေးထိုးနှံပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ကလေးငယ်များကို ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြရာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အသက် ၂ လမှ ၁၈ လအထိ ကလေးငယ် များနှင့် ကိုယ်ဝန်ဆောင်မိခင် စုစုပေါင်း လေးထောင်ခုနစ်ရာကျော်တို့အား ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ Talk Show ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြောင်း သိကောင်းစရာ Talk Show ကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မေတ္တာမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

မေတ္တာမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခြင်း အခမ်းအနား ကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က မေတ္တာမြို့ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

သာယာဝတီမြို့နယ်၌ (၇၅)နှစ်​မြောက် စိန်ရတုပြည်​ထောင်စု​နေ့ အထိမ်းအမှတ် (Talk Show) ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၉ နာရီက (၇၅)နှစ်​မြောက် စိန်ရတုပြည်​ထောင်စု​နေ့ အထိမ်းအမှတ် (Talk Show) ဆွေးနွေးပွဲ ကျင်းပ​​ပြုလုပ်ခဲ့သည်။
Subscribe to