ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ဒုလက်ထောက်ကြီးကြပ်ရေးမှူး (တွဲမှတ်) သင်တန်း အမှတ်စဉ် (၄၄/၂၀၂၁)နှင့် တွဲထိန်း(အခြေခံ) သင်တန်းအမှတ်စဉ်(၅/၂၀၂၂)တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း ဒုလက်ထောက် ကြီးကြပ်ရေးမှူး (တွဲမှတ်) သင်တန်းအမှတ်စဉ် (၄၄/၂၀၂၁)နှင့် တွဲထိန်း(အခြေခံ)သင်တန်း အမှတ်စဉ် (၅/၂၀၂၂)တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။