ဖောင်းပြင်မြို့နယ်ရှိ ဒေသခံတောင်သူများ သီးထပ်စနစ်ဖြင့် ဆီနေကြာများကိုစိုက်ပျိုး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာမှ တောင်သူအများစုသည် ယခုနှစ် ဆောင်းသီးနှံ များ ရိတ်သိမ်းပြီးချိန်၌ သီးထပ်စနစ်အနေဖြင့် ဆီစားသုံးမှု ဖူလုံစေရေးအတွက် ဆီနေကြာများကို စိုက်ပျိုးခြင်း အလေ့အထများ ရှိလာကြကြောင်း သိရသည်။