သံဖြူဇရပ်မြို့နယ်တွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

သံဖြူဇရပ် ဖေဖော်ဝါရီ ၁၁

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ များကို ယနေ့နံနက် ၈ နာရီက သံဖြူဇရပ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အားကစားပြိုင်ပွဲ ကျင်းပရာတွင် သံဖြူဇရပ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ စီစဉ်ကြီးကြပ်မှုဖြင့် ကလေးငယ်များ၏ ကာယ၊ ဉာဏစွမ်းရည်တိုးတက်စေရေး၊ ကိုယ်ခန္ဓာကျန်းမာ သန်စွမ်းစေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှု ရရှိစေရေး တို့ကိုရည်ရွယ်၍ ဆေးရောင်ခြယ် ပြိုင်ပွဲ၊ ပန်းချီစွမ်းရည်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အဖွဲ့လိုက် သီချင်းဆို ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင် မူကြိုရင်သွေးငယ် (၁၀၀) ဦးတို့မှ ပါဝင်ဆင်နွှဲကြပြီး၊ပြိုင်ပွဲသို့ မွန်ပြည်နယ်လူမှုဝန်ထမ် ဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဉ်ဝင်းနှင့် ပြည်နယ်ရုံးမှ တာဝန်ရှိသူများရောက်ရှိ အားပေးပြီး၊ ပြိုင်ပွဲဝင်ရင်သွေးငယ် များအား ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)