ဆီဆိုင်မြို့ရပ်ကွက်အတွင်းရှိ ကယားပြည်နယ်မှ တိုက်ပွဲရှောင်တိုင်းရင်းသား ပြည်သူများအား အခြေခံ စားသောက်ကုန်နှင့် အဝတ်အထည်များလှူဒါန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ ဟိုခဲရပ်ကွက်ရှိ ကယားပြည်နယ်မှ တိုက်ပွဲရှောင် အိမ်ထောင်စု(၇၇)စုအတွက် စေတနာရှင် ပြည်သူများမှ စုပေါင်းလှူဒါန်းထားသည့် အခြေခံ စားသောက်ကုန်နှင့် အဝတ်အထည်များကို ယနေ့နံနက် ၁၀ နာရီခန့်က လှူဒါန်းခဲ့ကြောင်း သိရသည်။