မိတ္ထီလာမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်  ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်  ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်က  ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ၇၅နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဥကပ်ပါးနကျယ် ဓာတ်ခွဲခန်းဖွင့်ပွဲ၊ အမယ်စုံသီးနှံမျိုးစေ့ ပြပွဲနှင့်ရွက်ဖြန်း အားဆေးပြုလုပ်ပြသပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ၇၅နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက်၈နာရီ အချိန်က စိုက်ပျိုးထားသည့် သီးနှံများ ဇီဝနည်းဖြင့် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ဥကပ်ပါးနကျယ် ဓာတ်ခွဲခန်း ဖွင့်ပွဲ၊ ရာသီမရွေး စိုက်ပျိုးနိုင်သည့် အမယ်စုံ သီးနှံ မျိုးစေ့ ပြပွဲ၊ ကုန်ကျစရိတ် သက်သာပြီး မိသားစုလုပ်အားဖြင့် ပြုလုပ်နိုင်သည့် ရွက်ဖြန်းအားဆေး ပြုလုပ်ပြသပွဲများ ကျင်းပခဲ့သည်။

ပိုင်ကျုံမြို့ ပတကျေးရွာအုပ်စု ဂါတ်တဲကုန်း-ပတချောင်းနား ကျေးရွာချင်းဆက်လမ်းအား မြေသားလမ်းခင်းခြင်း ရာနှုန်းပြည့်ပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေ ပြည်သူများသွားလာမှု အဆင်‌ပြေစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမအကြိမ် ပိုင်ကျုံမြို့‌ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ‌ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ပတကျေးရွာအုပ်စု ဂါတ်တဲကုန်း-ပတချောင်းနား ကျေးရွာချင်းဆက်လမ်းအား မြေသားလမ်းခင်းခြင်းလုပ်ငန်းကို ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌  ပြည်နယ်အစိုးရအဖွဲ့နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှူဒါန်းသော  ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္တူပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ၊ဆွမ်းဆန်တော်နှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ လှူဒါန်းသော ဆီ ၊ ပဲ ၊ ကြက်သွန် ၊ ကြက်ဥများ ဆက်ကပ်လှူဒါန်းခြင်းကို ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၉ နာရီအချိန်  မြို့မပရဟိတကျောင်း ၊ လောက မာရဇိန် သမုတ် သိမ်တော်ကြီး အတွင်း ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင်များ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကျွန်းစုမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆောင်ရွက်

ကျွန်းစုမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆောင်ရွက် ကျွန်းစု ဖေဖော်ဝါရီ ၁၁ စည်သူရအောင်

ပန်းတောင်းမြို့နယ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (TSDP)အရ ကျင်းပပြုလုပ်သော အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အလွတ်တန်းစားပွဲ တင် တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (TSDP) အရ ကျင်းပပြုလုပ်သော အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အလွတ်တန်းစားပွဲတင် တင်းနစ်ပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၌ နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုပြုလုပ်

မိုင်းယောင်းမြို့နယ်၌ နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုပြုလုပ် မိုင်းယောင်း ဖေဖော်ဝါရီ ၁၁ နန်းပန်
Subscribe to