သင်္ဃန်းကျွန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဘောလီဘောပြိုင်ပွဲနှင့် ဖူဆယ် ဘောလုံးပြိုင်ပွဲများကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်း အမှတ် မြို့နယ်အတွင်း အားကစားနည်းပြိုင်ပွဲများကို ယနေ့နံနက် (၀၈:၃၀)မိနစ်အချိန်က ဘောလီဘောပြိုင်ပွဲကို ရန်ကြီးအောင်ဘုရားဝန်းအတွင်းနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ၅၅၅ ဖူဆယ်ဘောလုံးအားကစားကွင်းတို့၌ စတင်ကျင်းပ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။