တောင်ကုတ် ဖေဖော်ဝါရီ ၁၁
ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် တောင်ကုတ်တက္ကသိုလ်ဝန်း မေဃဝတီလမ်းဖွင့်ပွဲနှင့် နှစ်ထပ်စာသင်ဆောင် ပါဘွဲ့နှင်းသဘင်ခန်းမ ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန် က တောင်ကုတ် တက္ကသိုလ်ဝန်း၌ ကျင်းပခဲ့သည်။
အဆိုပါ မေဃဝတီလမ်းဖွင့်ပွဲတွင် တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင်၊ မြို့မိမြို့ဖ ဒေါက်တာစံလှိုင်၊ ဦးကျောက်တောင်၊မြို့ နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
၎င်းမေဃဝတီလမ်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ရန်ပုံငွေကျပ် ၆၆၇.၈၈ ကျပ်သိန်းဖြင့် နေလသစ္စာ ကုမ္ပဏီ ကတာ ဝန်ခံတည်ဆောက်ခဲ့သည်။
ဆက်လက်ပြီး တောင်ကုတ်တက္ကသိုလ် နှစ်ထပ်စာသင်ဆောင်ပါ ဘွဲ့နှင်းသဘင်ခန်းမ ဆောက်လုပ်မည့် မြေနေရာအား စစ်တွေမြို့ မဟာဇေယျသိဒ္ဓိအဓိဌာန် ဆရာတော်ကြီးမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပြီး မြေသန့်မင်္ဂအခမ်းအနား ကျင်းပကာ တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင်နှင့် တာဝန်ရှိသူများက မင်္ဂလာအချိန်တွင် ပန္နက်စိုက်ထူကာ အမွှေးနံ့သာများပက်ဖြန်းခဲ့သည်။
၎င်းနှစ်ထပ်စာသင်ဆောင်နှင့် ဘွဲ့နှင်းသဘင်ခန်းမအပါ RC နှစ်ထပ်အဆောက်အဦးအား နိုင်ငံတော် ခွင့်ပြုငွေ(၃၅၁၀.၇၇၀)ကျပ်သန်းဖြင့် တည်ဆောက်မည်ဖြစ်ရာ ယခု ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ခွင့်ပြုငွေကျပ်(၈၇၇.၉၆၂၅)ကျပ်သန်းဖြင့် စတင်အကောင်အထည်ဖော် တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
စန်းဝင်း (မြို့နယ် ပြန်ဆက်)