စာရေးဆရာမ ဒေါ်နုနုကြည်(အမေ့အိမ်) ၏ အိပ်မက်နိုင်ငံ၊ အိပ်မက်မြို့တော် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

စာရေးဆရာမ ဒေါ်နုနုကြည် (အမေ့အိမ်) ၏ အိပ်မက်နိုင်ငံ၊ အိပ်မက်မြို့တော် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် ကျင်းပသည်။

ဂွမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin) Phase-7 ပထမအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin) Phase-7 ပထမအကြိမ်အဖြစ် ဂွမြို့ သာသနာ့ဗိမ္မန်၊ ပိန္နဲကုန်းကျေးရွာ ဘုန်တော်ကြီးကျောင်းနှင့် ကျိန္တလီ ထွေ/အုပ် အစည်းအဝေး ခန်းမတို့တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Show ကျင်းပ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ မုံရွာခရိုင် ချောင်းဦးမြို့နယ် Community Centre ခန်းမ၌ ယမန်နေ့နေ့လယ် (၁)နာရီအချိန်က (၇၅) နှစ်​မြောက် စိန်ရတု ပြည်ထောင်စု​နေ့အထိမ်း အမှတ်(Talk Show) ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ် ကားလမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော လယ်ယာမြေများ အတွက် လျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ (Mini) ဘဏ္ဍာနှစ်အတွင်း ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေးကားလမ်းနှင့် မော်လမြိုင်ကျွန်း-လှိုင်းဘုန်း-သစ်ပုတ်-ပြင်စလူ ကားလမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော လယ်ယာမြေများ အတွက် လျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားကို ‌ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျိုက်မရောမြို့၌ သက်တမ်းလွန်မုန့်များ၊ စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ စည်ပင်သာယာစျေးကြီးနှင့်ဆုတောင်းပြည့်ဘုရားကြီးရှေ့ရှိ မုန့်ဆိုင်များနှင့်စားသောက်ကုန်ဆိုင်များ၌ စားသုံးရန်မသင့်သော သက်တမ်းလွန်အစား အသောက်များ စျေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိ လှည့်လည်စစ်ဆေးခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ် တာဝန်ခံရုံးမှ တာဝန်ခံဦးအောင်ညီညီခန့်နှင့် ဒုဦးစီးမှူးဒေါ်ခင်ကြည်နှင့် ပူးပေါင်းအဖွဲ့များက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ပျော်ဘွယ်မြို့နယ်တွင် ဆပ်ပြာအဆီ ပြုလုပ်နည်း သင်တန်းဖွင့်လှစ်

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ အိမ်ရှင်မများ အနေဖြင့် မိသားစုစီးပွားရေးကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ တစ်ပိုင်တစ်နိုင် ဆပ်ပြာအဆီ ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

နမ့်စန်တွင် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အား/ကာကော်မတီဥက္ကဋ္ဌ ဖလား ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ယနေ့နံနက် ၈ နာရီခွဲက နမ့်စန်အထကကျောင်း ဘောလုံးအားကစားကွင်းတွင် ကျင်းပခဲ့ရာ မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အား/ကာ ကော်မတီဝင်များနှင့် အားကစား ဝါသနာရှင် ပရိတ်သတ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

သရက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ် ဆိုပြိုင်ပွဲကို သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဒေါ်နီနီ မူကြိုကျောင်းတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက သရက်ခရိုင် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မအီမြို့ ပြည်သူ့စာကြည့်တိုက်၌ “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ပြည်သူ့စာကြည့်တိုက်၌ နတ်သျှင် (ရွှေဂူ) ရေးသားသည့် “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” စာအုပ်ဖြင့် ယနေ့ နံနက်ပိုင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။ 
Subscribe to