ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ဦးဆောင်၍ အနယ်နယ်အရပ်ရပ်က ခရီးသွားလုပ်သားပြည်သူ များ၊ ဒေသခံပြည်သူများအား နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများကို နှာခေါင်းစည်းများ ပေးဝေခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီခွဲက ဒလင်္ဘောဆိပ်ကမ်းနှင့် စက်တပ်သမ္ဗန်ကူးတို့ဆိပ်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။