ကျေးသီးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ သုံးစွဲရေး အစီအစဉ် (AVIP) သင်တန်းဖွင့်လှစ်

ကျေးသီး     ဖေဖော်ဝါရီ      ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ (၆)လတာ ဘဏ္ဍာရေးနှစ် ကာလအတွင်း ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ထပ်တိုးအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံ ကိန်းကျေးရွာ (၂) ရွာမှ ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ သုံးစွဲရေး အစီအစဉ် ( AVIP) သင်တန်းကို ယနေ့ နံနက်(၉)နာရီက အဆိုပါ ဦးစီးဌာနအစည်းအဝေးခန်းမ၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားပြီး  စီမံကိန်း တာဝန်ခံ ဦးမောင်ခိုင်နှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ သုံးစွဲရေးအစီအစဉ်နှင့် ပတ်သက်သည့် သင်ခန်းစာများကို သင်ကြားပို့ချခဲ့သည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေး အစီအစဉ်သင်တန်းသို့ ကျေးသီးမြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ထပ်တိုးအကောင်အထည်ဖော် ဆောင်ရွက်မည့် ကုန်းမိုက်ဟုန်းကျေးရွာနှင့် ဝမ်နားကျေးရွာတို့မှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် (၁၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို တစ်ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးနိုင်ထံမှ  သိရသည်။

နန်းမွမ်းဆိုင်(ကျေးသီး)