သုံးခွမြို့နယ်၌ အသက်(၁၈)နှစ်အထက် ကာကွယ်‌ဆေးထိုး တစ်ကြိမ်မှမထိုးနှံရ‌သေးသူ ပြည်သူများနှင့် ကိုယ်၀န်‌ဆောင် နို့တိုက်မိခင်များအား ကာကွယ်များ ဆက်လက် ထိုးနှံပေး

သုံးခွ ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် အသက်၁၈နှစ်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူ ပြည်သူများအား အိန္ဒိယနိုင်ငံထုတ် (Covishield) ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းနှင့် (ဒုတိယအကြိမ်) ထိုးရန်ကျန်ရှိနေသော ပြည်သူများအား (Sinovac)ဆေးထိုးနှံပေးခြင်း၊ ကိုယ်၀န်ဆောင် နို့တိုက်မိခင်များအား (Sinopharm)ထိုးနှံခြင်းကို ယနေ့နံနက် ၉နာရီအချိန်က မြို့နယ်အားကစားခန်းမ ခြင်းလုံးရုံ၌ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် အသက်၁၈နှစ်ပြည့် ပြီးသူများ၊ ကိုယ်ဝန်‌ဆောင်/ နို့တိုက်မိခင်များ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများ၊  အစိုးရကျန်းမာရေး ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊  ယာဉ်မောင်းဆရာများ၊ ယာဉ်နောက်လိုက်များ၊ ဆိုက်ကား ဆရာများ၊ (ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ဝန်ထမ်းများ)  ၊ပုဂ္ဂလိက ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ အခြားဝင်ငွေရရှိသော  လုပ်ငန်း လုပ်ကိုင်သူများ ၊စားသောက်ကုန်ပစ္စည်းရောင်းချသူများ၊ စားသောက်ဆိုင် လက်ဖက်ရည်ဆိုင်ရှိ ဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်/ နို့တိုက် မိခင်များ ဈေးသည်များနှင့် မသန်စွမ်းများအား ထိုးနှံပေးကြောင်းသိရသည်။ 

သုံးခွမြို့နယ်တွင် ၁၂-၂-၂၀၂၂ရက်နေ့အထိ ကိုဗစ်-၁‌၉ရောဂါ ကာကွယ်ဆေး first Doseထိုးနှံပြီးသူ(၉၄၄၄၃ )ဦး၊second Dose ထိုးနှံပြီးသူ (၉၀၆၂၃)ဦးရှိပြီးရာခိုင် နှုန်းအနေဖြင့် (၈၁.၇၉%)ရှိပြီး ဆေးထိုးရန်ကျန်ရှိနေသူများအား သိရှိစေရန် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများအလိုက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်လျက်ရှိကြောင်း သိရသည်။

စည်သူလင်း