ပန်းဆိုးတန်း-ဒလ သင်္ဘောဆိပ်ကမ်း၌ အနယ်နယ်အရပ်ရပ်က ခရီးသည်များအဆင်ပြေစေရေး ရေယာဉ်ခရီးစဉ် အသွား၊ အပြန် ၄၀ ခေါက်နှုန်းဖြင့် ပြေးဆွဲပို့ဆောင်

ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ဒလမြို့နယ် ဒေသခံပြည်သူများအပါအဝင်၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရီးသွား လုပ်သားပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများနှင့် အထွေထွေလုပ်သားပြည်သူ များအား ခရီးသွားလာရေး လွယ်ကူအဆင်ပြေစေရေးအတွက် ရန်ကုန်မြစ်တွင်း ချယ်ရီသင်္ဘော ရေယာဉ်များဖြင့် ကူးတို့ပို့ဆောင်ပြေးဆွဲပေး လျက်ရှိရာလက်ရှိအချိန်တွင် အစိုးရရုံးဖွင့်ရက်များနှင့် ရုံးပိတ်ရက်များတွင်ပါ အသွား ၄၀ ခေါက်၊ အပြန် ၄၀ ခေါက်နှုန်းဖြင့် ပြေးဆွဲပို့ဆောင်ပေး လျက်ရှိကြောင်းသိရသည်။

တောင်တွင်းကြီးမြို့နယ် ချောင်းနက်ကျေးရွာစျေး ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်ရန်ပုံငွေ (၂၈၁၉၁၈၀၀) ကျပ်ဖြင့် ဆောင်ရွက် လျက်ရှိသော ချောင်းနက်ကျေးရွာဈေး (အလျား ၁၄၅ ပေ၊ အနံ ၁၂၅ပေ၊ အမြင့် ၁ ပေခွဲ )အား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဇန်နဝါရီလ (၁၅) ရက်နေ့က စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။

မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက် သီရိရတနာဈေးတွင် Mask Campaign ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ သီရိရတနာ စျေးတွင် စျေးဝယ်/ စျေးရောင်းချသူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရန် အသိပညာပေးခြင်းနှင့် Mask Campaing ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့ မွန်းလွှဲပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရသေ့တောင်မြို့၌ အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covishield အမျိုးအစား ဆဌမအသုတ် ဒုတိယအကြိမ်စတင်ထိုးနှံ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covishield အမျိုးအစား ဆဌမအသုတ် ဒုတိယအကြိမ်ထိုးနှံခြင်းကို သတ်မှတ်စုရပ် အသီးသီး၌ ယနေ့နံနက် ၉ နာရီမှ စ၍ စတင်ထိုးနှံပေးလျက်ရှိသည်။

မိုးညှင်မြို့၌ အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေဖြင့် ဆောက်လုပ်ထားသည့် ကျောက်ကပ်ဆေးခန်း မကြာမီဖွင့်လှစ်တော့မည်ဖြစ်၍ လူနာများအတွက် များစွာအကျိုးရှိလာမည်ဖြစ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ ဒေသခံပြည်သူများ၊ လုပ်ငန်းရှင်များ၊ စေတနာအလှူရှင်များနှင့် အခြားနယ်ဝေးဒေသများမှ အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေဖြင့် ဆောက်လုပ်ထားသည့် ကျောက်ကပ်ဆေးခန်း မကြာမီဖွင့်လှစ်တော့မည်ဖြစ်၍ ကျောက်ကပ်ဝေဒနာ ခံစားနေရသော လူနာရှင်များအတွက် များစွာအကျိုးရှိလာမည်ဖြစ်ကြောင်း သိရသည်။

ဂွမြို့နယ်တွင် နိုင့်ငံဝန်ထမ်းများအား တတိယအကြိမ် (Boster dose) အဖြစ် (Covaxin) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် Covidshield - ပထမအကြိမ်နှင့် ဒုတိယကြိမ် ထိုးနှံပြီးသည့် ၆ လပြည့်ပြီး နိုင့်ငံဝန်ထမ်းများအား တတိယအကြိမ် (Boster dose) အဖြစ် (Covaxin) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စုရပ် ၃ခုလုံးတွင် ယနေ့နံနက်ပိုင်းကစတင်ကာ ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

မိတ္ထီလာတောင်ကန်ပတ်ဝန်းကျင်၌ ဆောင်းခိုငှက်များ စတင်ရောက်ရှိကျက်စား

မိတ္ထီလာဒေသသို့ ဆောင်းရာသီကာလရောက်တိုင်း နှစ်စဉ်လာရောက်လေ့ရှိသော ဆောင်းခိုငှက်များသည် မိတ္ထီလာတောင်ကန်ပတ်ဝန်းကျင်၌ စတင်ရောက်ရှိ ကျက်စားလျက်ရှိကြောင်းသိရသည်။

ရေကြည်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး အသိပညာပေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်းနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာမှု မရှိစေရေး အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့ မွန်းလွှဲ (၁)နာရီအချိန်က လူစည်ကားရာ နေရာဖြစ်သည့် ပိတောက်ချောင် လမ်းဆုံလမ်းခွ တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွာငံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် အိုမီခရွန် ကူးစက်မြန်ရောဂါအကြောင်းနှင့် ကာကွယ်ဆေးထိုးနှံကြရန် လိုက်လံနှိုးဆော်

ရှမ်း​ပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေး အသိပေးချက်များနှင့် အိုမီခရွန် ကူးစက်မြန်ရောဂါအကြောင်းနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လည်ပိုင်းက ရပ်ကွက်များအတွင်း (Hand Speaker)ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
Subscribe to