သမိုင်းဝင် ဆံတော်ရှင်ကန်ကြီးစေတီတော်၌ (၁၉) ကြိမ်မြောက် ထမနဲထိုးလှူဒါန်းပွဲကျင်းပ

မုဒုံ   ဖေဖော်ဝါရီ    ၁၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် (၁၉) ကြိမ်မြောက် သမိုင်းဝင်ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီး၌ ယနေ့နံနက်ပိုင်းက အဆိုပါဘုရာဝင်းအတွင်းရှိ ဝေနေယျသုခ ဓမ္မာရုံအနီးတွင် ထမနဲထိုးပွဲပြုလုပ်သည်။

ထမနဲထိုးပွဲတွင်  မုဒုံမြို့နယ်နေ  စေတနာရှင် အလှူရှင်များတို့မှ ထမနဲတစ်အိုးလျှင် (၃၀၀၀) ကျပ်ဖြင့် စုပေါင်းပါဝင် လှူဒါန်းကြကြောင်း၊  တပို့တွဲလပြည့်နေ့ နံနက်ပိုင်းတွင် ကန်ကြီးဆံတော်ရှင်စေတီတော်၌ မြတ်ဗုဒ္ဓနှင့်သံဃာတော်အရှင်သူမြတ်အပေါင်းတို့အား ရည်မှန်း၍  အာရုံဆွမ်း ဆပ်ကပ်လှူဒါန်းခြင်း၊ မြို့နယ်အတွင်းရှိ စာသင်တိုက်ဘုန်းကြီးကျောင်းများသို့ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဘုရားဖူးလာပြည်သူဧည့်သည်များကို ပါ  ဝေငှလှူဒါန်းပေးသွားမည် ဖြစ်ကြောင်း ကန်ကြီးစေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)