ရန်ကင်းမြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဗီနိုင်းပိုစတာများချိတ်ဆွဲ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိ ယနေ့နံနက် ၈ နာရီက လူစည်ကားရာနေရာများ ဖြစ်သည့် ရန်ကင်းမြို့နယ်အမှတ် ၁၁ ရပ်ကွက်ရှိ ကံဘဲ့ဘူတာစျေး အတွင်း၌ ပူးပေါင်းအဖွဲ့များမှ အသိပညာပေး ကြေညာခြင်းနှင့် ဗီနိုင်းပိုစတာများချိတ်ဆွဲ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံ မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဟူသောဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်၊ ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက မင်္ဂလာဒုံမြို့နယ်ရှိ ချစ်တီးကုန်းရပ်ကွက်နှင့် တိလောကရပ်ကွက်ရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန် ကျန်ရှိသော ရပ်ကွက်နေပြည်သူများအား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့ရှိ နေဝန်းနီ (IDPs)တိုက်ပွဲရှောင်​စခန်း၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း(Omicron)ရောဂါ သိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ နေဝန်းနီ (IDPs)တိုက်ပွဲရှောင်စခန်း၌ ယနေ့နံနက်(၁၀)နာရီခွဲအချိန်တွင် နမ့်ခမ်းမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း (Omicron) ရောဂါအကြောင်း အသိပညာပေး ဟော ပြောပွဲ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

လိပ်သိုမြို့တွင်  (၂၃)ကြိမ်မြောက်  ဆုတောင်းပြည့်  လုဒ်မယ်တော်သခင်မပွဲ   ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင်   (၂၃)ကြိမ်မြောက်  ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲကို  ယမန်နေ့က  ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

ရွှေတောင်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု လျော့ကျစေရေးအတွက် အသိပညာပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကြာနီကန်ရပ်ကွက်အတွင်းရှိ လမ်းများသို့ သုံးဘီမော်တော်ယာဉ်ဖြင့် လှည့်လည်၍ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် အသက်(၁၆)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ အ.ထ.က(၃)ကျောင်းရှိ အသက်(၁၆)နှစ်အထက်ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။

သံတွဲခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး သံတွဲ၌ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ဗီပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှု များကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက လူစည်ကားရာ လမ်းဆုံလမ်းခွနေရာများတွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ရေနံချောင်းမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး လုပ်ငန်းများအတွက် အထောက်အကူပြုပစ္စည်းများ ကျေးရွာများအရောက် ကွင်းဆင်းပေးအပ်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့တွင် မြို့နယ်ကုသရေးဦးစီးဌာန၊ World vision Myanmar အဖွဲ့နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ ရေနံချောင်းနယ်အတွင်းရှိ ကျေးရွာ (၃၃)ရွာ မှ ဒေသခံပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးအပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးလုပ်ငန်းများတွင် အထောက်အကူ ပြုပစ္စည်းများဖြစ်သော KN 95 Mask၊ PPE ဝတ်စုံများ၊ Exam Gloves နှင့် OxygenConcentrator(2) များကို ကျေးရွာများအရောက် တာဝန်ရှိသူ များက ယနေ့နံနက် (၈)နာရီအချိန်မှ စတင်၍ ကျေးရွာများ အရောက်သွားရောက် ကွင်းဆင်းပေးအပ် လှူဒါန်းခဲ့ကြသည်။

မံစီမြို့နယ်တွင် သက်ငယ်မုဒိမ်းမှုဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ သက်ငယ်မုဒိမ်းမှုဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
Subscribe to