ကြာအင်းဆိပ်ကြီး ဖေဖေါ်ဝါရီ ၁၄
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတ အတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ် တတ်သော အတွေးအခေါ် အမျှော်အမြင်များရရှိလာစေရေးနှင့် စာအုပ်စာစောင်းများကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေး အတွက်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကို ယနေ့မွန်းတည့် ၁၂ နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Youth Club အဖွဲ့ဝင်များမှ စာရေး ဆရာအောင်သင်း၏ ကျောင်းသား လူငယ်တွေနှင့် အခြားဆောင်းပါးများ စာအုပ်မှ ကျောင်းသားလူငယ်တွေ (၁)၊ (၂)၊ (၃)၊ (၄)၊ စကားမစပ်ဖြတ်၍ပြောခြင်း စကားဖြတ်လို့မရ၍ ဆက်၍ပြောခြင်းခေါင်းစဉ်ပါ စာအုပ်အား စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Youth Club မှအဖွဲ့ဝင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာခြည်ဝင်းက ဦးစွာဖတ်ကြားပြီး တစ်ဖွဲ့ဝင်တစ်ဦးချင်းစီအလိုက် ဆက်လက် ဖတ်ကြားပြီး ဆောင်းပါးပါ အကြောင်းအရာများကို မိမိတို့၏ ထင်မြင်ယူဆချက်များ တွေးခေါ် မှု များအား အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မျိုးမင်းဦး