မြစ်သားမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက်တွင် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ရွာခိုင်ကြီးမြောက်ကျေးရွာ စက်မှုလယ်ယာကုန်ထုတ်လမ်း ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ ကျေးရွာ(၃)ရွာတွင် စက်ရေတွင်း တူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်းနှင့် ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုကို အခြေအနေကိုလည်းကောင်း တာဝန်ရှိသူများက ယမန်နေ့နံနက် (၁၁)နာရီ အချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

ကျိုက်မရောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ အသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် မသန်စွမ်းသူများ၏ အခွင့်အရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ (Talk Show) အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးနဲမြို့၌ ဆီမုန်လာပင်များ အောင်မြင်ဖြစ်ထွန်းနေပြီး အသီးများပါခူးဆွတ် ရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် နားခံကျေးရွာအုပ်စု၊ ဝမ်ယေး ကျေးရွာနေ ပြည်သူများအနေဖြင့် ဆောင်းသီးနှံဖြစ်သော ဆီမုန်ညင်းနှင့် ဆီမုန်လာပင်များကို အများအပြား စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းနေပြီး ဆီမုန်လာသီးများကို ခူးဆွတ် ရောင်းချနေရပြီဖြစ်ကြောင်းသိရသည်။

မြင်းခြံ၌ သတင်းရေးသားနည်း သင်တန်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် သတင်းရေးသားနည်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲနှင့် ဆုချီးမြင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့ ကြက်ခြေနီအသင်းမှ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဆင်းပွဲနှင့် ဆုချီးမြင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ရေတာရှည်မြို့ အမှတ်(၅)ရပ်ကွက်ရှိ ရွှေဝက်တိုးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်မရောတွင် ကိုးနဝင်းစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲနှင့် ထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အတ္တရံမြစ်ကမ်းဘေးရှိဆုတောင်းပြည့် ကိုးနဝင်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မြို့နယ်အဆင့် လှေလှော်ပြိုင်ပွဲနှင့် စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီက အထ္တရံမြစ်ကမ်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပသည့် (၂၀)ကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကြီးကျင်းပ

ပြည်မြို့၊ လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပသည့် (၂၀)ကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကြီးကို ယနေ့ နံနက် (၇)နာရီအချိန်က မဟာဗောဓိ ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်၌ ကျေးလက်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြီးကြပ် ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဦးထွန်းလှိုင်နှင့် တာဝန်ခံအင်ဂျင်နီယာတို့အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ဘူးသီးတောင် မြို့နယ်ရှိ ကျေးလက်ရေပေးရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to