မက်မန်း ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရုံး ဆောက်လုပ်နေမှုအား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်း ဆောင်ရွက်ခြင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရးမှူး(နည်းပညာ) ဦးစိုင်းစိုးစိုး ဦးဆောင်သောအဖွဲ့မှ မက်မန်းမြို့ကျေးလက်ဒေသရုံး တင်ဒါအောင်မြင် ဆောင်ရွက်သော Asia junction Com.ltd ကို ရုံးအဆောက်အဦးအတွက် လိုအပ်သည့် ပစ္စည်းများ အချိန်မှီရောက်ရှိအောင် ပေးပို့သွားရန်နှင့် သတ်မှတ်စံချိန်စံညွှန်းအတိုင်း အချိန်မှီ ပြီးစီးအောင် ဆောင်ရွက်သွားရန် သက်ဆိုင်ရာတာဝန်ရှိ ကုမ္ပဏီထံသို့ လမ်းညွှန်မှာကြားခဲ့ပြီး လက်ရှိဆောင်ရွက်ထားရှိသည့် လုပ်ငန်းအခြေအနေအား စစ်ဆေးခဲ့ကြောင်း သိရသည်။
သန်းမြတ်စိုး(ပြန်/ဆက်)