ဗဟန်းမြို့နယ်၌ လူမှု​ရေးရာအသိပညာပေးသင်တန်းဖွင့်လှစ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရန်ကုန် အနောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းရုံးမှကြီးမှူးကျင်းပသော၊ လူမှု​ရေးရာအသိပညာ​ပေး သင်တန်းကိုယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (ဗဟန်း) Community Centre ၌ကျင်းပသည်။

တောင်တွင်းကြီးမြို့၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးဆောင်ကြီးမှူး၍ မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက တောင်တွင်းကြီးမြို့၊ တရုတ်ကောစံပြ မူလတန်းကြို ကျောင်းတွင် ကျင်းပပြုလုပ် ခဲ့သည်။

ဝေါမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး ပြည်သူများ အသိပေးနှိုးဆော်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ပြည်သူ များသိရှိစေရန် အသိပညာပေးနှိုးဆော်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက ရပ်ကွက်များရှိ လူစည်ကားရာ နေရာများတွင် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို အပတ်စဉ်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်​ရေး အသိပညာ​ပေး Mask Campaign ​ပြုလုပ်

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင်မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ တာ၀န်ရှိသူများပါ၀င်​သော ပူးပေါင်းအဖွဲ့သည် ယ​နေ့နံနက် (၈)နာရီခွဲအချိန်က ကိုဗစ်-၁၉ ​ရောဂါတားဆီးကာကွယ်​ရေး အသိပညာ​​ပေး Mask Campaign​ ပြုလုပ်ခဲ့​ကြောင်းသိရသည်။

ဒေါပုံမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ပထမအကြိမ်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ လျော့နည်း ပပျောက်ရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လ ပြည့်ပြီးသော ဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ကို ယနေ့နံနက် ၉နာရီ အချိန်က လမုတန်းရပ်ကွက်ရှိ အ.ထ.က (၁)ကျောင်းခန်းမ တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရာသီပေါ် သီးနှံစာ မရမ်းသီး ဈေးကောင်း

ရာသီပေါ် သီးနှံတစ်မျိုးဖြစ်သည့် မရမ်းသီးသည် တစ်ပိသာဈေး အသီးအရွယ် အမျိုးအစားအလိုက် တစ်ပိသာကျပ် ခြောက်ထောင်မှ ကျပ်ခုနှစ်ထောင်အထိ ရောင်းချနေရကြောင်း သိရှိရပါသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း(အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို  ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က ရပ်ကွက်များအတွင်းရှိ လမ်းဆုံများ၊ လူစည်ကားရာနေရာများတို့တွင် အသံချဲ့စက်ဖြင့်    လိုက်လံနှိုးဆော်ခြင်းများအား မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်   ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူ ပရဟိတ လူမှုကူညီရေးအသင်းတို့မှ ဆောင်ရွက်ခဲ့ကြသည်။

မဟာရွှေစည်ကြီးစေတီတော် (၂၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲပဌာန်းသိမ်း အောင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် (၂၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲပဌာန်းသိမ်းအောင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက စေတီတော် လိုဏ်အတွင်း ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဂေါပကဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်အသင်း (ကန့်ဘလူ)ဝင်များ တက်ရောက်ကြသည်။

ကျောက်ဖြူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် လူငယ် လူရွယ်များ ပိုက်ကျော်ခြင်း လာရောက်ကစား

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် လူငယ် လူရွယ်များ နေ့စဉ် ညနေ (၄)နာရီ နောက်ပိုင်းအချိန်များ၌ ပိုက်ကျော်ခြင်း လာရောက် ကစားလျက်ရှိသည်။
Subscribe to