ရန်ကုန် ဖေဖော်ဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ဦးဆောင်၍ အနယ်နယ်အရပ်ရပ်က ခရီးသွားလုပ်သားပြည်သူ များ၊ ဒေသခံပြည်သူများအား နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများကို နှာခေါင်းစည်းများ ပေးဝေခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီခွဲက ဒလင်္ဘောဆိပ်ကမ်းနှင့် စက်တပ်သမ္ဗန်ကူးတို့ဆိပ်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်း ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးဝန်ထမ်းများ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ခရီးသွားမိဘပြည်သူများအား နှာခေါင်းစည်းအခု ရေ (၁၀၀၀) တို့ကို ပေးဝေခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများ လိုက်နာစေရေးအတွက် ပူးပေါင်းပါဝင်ပေးကြဖို့ အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
သုတ