လှိုင်းဘွဲ-ပိုင်ကျုံလမ်း ဘေးဝဲယာရေမြောင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်းရှိ လှိုင်ဘွဲမြို့နယ်နှင့် ပိုင်ကျုံမြို့ကို ဆက်သွယ်ပေးထားသည့် ကားလမ်းပေါ်ရှိ ကမော့ကချူး ကျေးရွာတွင် လမ်းဘေးဝဲယာ တစ်ဖက်စီအား ရေမြောင်းတူးဖော်ပေးခြင်းလုပ်ငန်းကို မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူ၍ ဆောင်ရွက် ပေးလျက်ရှိသည်။

ဘုတ်ပြင်းမြို့ ဆေးရုံမီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ဆေးရုံအတွင်း မီးလောင်မှု မဖြစ်ပေါ်စေရေး အတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲနှင့် စေတနာ့ဝန်များတို့ ပူပေါင်း၍ ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့၌ ဌာနဆိုင်ရာထမ်းများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Covaxin-10 dose) များဆက်လက် ထိုးနှံပေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး(Booster) Covaxin-10 dose ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယနေ့၊ နံနက်(၉)နာရီက ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်ဘုရားကြီးသိမ်တော်၌ ဆက်လက်ထိုးနှံပေးလျက် ရှိ သည်။

သဲကုန်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု လျော့ကျစေရေး အတွက် အသိပညာပေး နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သုံးဘီး မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲ-ဘားအံမြို့နယ် ချင်းဆက် ကားလမ်းဘေး မြေသားတာပေါင်ဖို့ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်နှင့် ဘားအံမြို့နယ်ကို ဆက်သွယ် ပေးထားသည့် မော်တော်ကား လမ်းဘေးဝဲ၊ ယာတစ်ဖက်စီအား မြေသားတာပေါင်ဖို့ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိရာ ရာနှုန်းပြည့် ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်း ရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပဲခူးတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့မှ ဝန်ထမ်းများ တက်ရောက်ကြသည်။

ပေါင်းတည်မြို့နယ်၌ သံဃာ့နာယကအဖွဲ့များ အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် သံဃာ့နာယကအဖွဲ့ရုံး အာဂမဇောတိကာရုံ စာသင်တိုက် သာသနဝိပုလကာရီဗိမ္မာန်တော်တွင် ဗုဒ္ဓဘာသာသာသနာတော်မြတ်ကြီး သန့်ရှင်းစင်ကြယ်စွာ တည်တံ့ပြန့်ပွါးရေးအတွက် မြို့နယ်သံဃာ့နာယကအဖွဲ့အစည်းများ၌ အနားယူ လစ်လပ်သွားသော သံဃာ့နာယကနေရာများ၌ အစားထိုးရွေးချယ်ရန် သံဃာအဖွဲ့အစည်း အဆင့်ဆင့်အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက စတင်ကျင်းပခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့တွင် ကိုဗစ်-၁၉ (အိုမီခရွန်)ရောဂါပိုးထိန်းချုပ်နိုင်ရေး Mask Campaign အရှိန်အဟုန်မပျက် ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးကူး စက်ပျံ့နှံ့မှုမှစောင့်ကြပ် ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံမိဘပြည်သူများနှင့် ခရီးသွားပြည်သူများနေအိမ်ပြင်ပသို့ ထွက်ခခွါသည့်အခါ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်သည့် အလေ့အထကောင်းများ ဆက်လက် လိုက်နာစေရေး ရည်ရွယ်၍ Mask Campaign ပြုလုပ်ပေးလျက်ရှိရာ ယနေ့ နံနက် (၈) မိနစ် (၃၀) အချိန်က မြောင်းမြမြို့ အမှတ်(၉)ရပ်ကွက်၊ (၇)လမ်းနှင့်သူဌေးကုန်းလမ်းထောင့် အမျိုးသားစျေးရှေ့၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ဦးဆောင်ကာ အရှိန်အဟုန်မြှင့်၍ Mask Campaign ပြုလုပ်ပြီး(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် ထပ်ဆောင်း Booster Dose ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covishield ထိုးနှံပြီးသည့် (၆) လ အထက်ရှိသူများ၊ အသက်(၅၀)နှစ်အထက် နိုင်ငံ့ ဝန်ထမ်းများ၊ အသက် (၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ရဟန်းသံဃာများအား ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် ဖေဖော်ဝါရီ ၁၄ ရက်၊ ယနေ့ နံနက်ပိုင်းက Booster Dose ကိုဗစ်ရောဂါကာကွယ်ဆေး ထပ်မံထိုးနှံ ဆောင်ရွက်ပေးနေ ကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ပန်း​တောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင် ကာကွယ်နိုင်‌‌ရေးအတွက် အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ‌ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုလျော့ ကျစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သုံးဘီးမော်တော်ယာဉ်ဖြင့် လှည့်လည်၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေးအသိ‌ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Subscribe to