ပခုက္ကူ ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါအား ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံဆောင်ရွက်ကြသည်။
အသိပညာပေးလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်မှူးရုံး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ပခုက္ကူမြို့၊ မြို့မလမ်း၊ မြိုင်လမ်း၊ ထင်းတန်းလမ်း၊ ရွှေလမ်း၊ မြို့ရှောင်လမ်းများရှိ လူအသွားအလာများပြားသည့် လမ်းဆုံလမ်းခွများနှင့် မြို့မဈေး၊ ယာယီပျံကျဈေးများရှိသည့် ရပ်ကွက်များအတွင်း နေထိုင်ကြသောပြည်သူများ သိရှိလိုက်နာကြစေရန် ရည်ရွယ်ဆောင်ရွက်ကြခြင်းဖြစ်ပြီး ကူးစက်မှုပိုမိုမြန်ဆန်သည့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကူးစက် ရောဂါအား ရောဂါကာကွယ်ရေး နည်းလမ်းများအတိုင်း စဉ်ဆက်မပြတ် လိုက်နာနေထိုင်ကြရန်၊ ဖျားနာပြီး သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးအကြောင်းကြားပြီး လိုအပ်သည့် ဆေးကုသမှုများ ခံယူကြရန်စသည့် အကြောင်းအရာများ လိုက်လံအသိပညာပေး နှိုးဆော်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)