တောင်တွင်းကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ် (ချောင်းနက်)တွင် မကွေးတိုင်း ဒေသကြီးအတွင်းသို့ ဝင်ရောက်လာသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်သူများအား RDT ဖြင့်စစ်ဆေးခြင်းနှင့်

တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့် လှည့်လည်ဆောင်ရွက်ခဲ့သည်။

ဝါးခယ်မမြို့နယ်တွင် (၃၈)ကြိမ်မြောက် အသံမစဲ အဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲနှင့် နှမ်းမနဲပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကပ်ရောဂါအပေါင်းမှ ကင်းဝေး၍ အန္တရာယ်ကင်းရှင်းစေရန်အတွက် စျေးရပ်ကွက်ရှိ စျေးဦးကျောင်းတိုက်တွင် တပို့တွဲလဆန်း ၁၃ ရက်နေ့မှ တပိုတွဲလပြည့်နေ့အထိ အသံမစဲအဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူ ဇော်ပွဲနှင့် နှမ်းမနဲပွဲတော်ကို ၃ ရက်တိတိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သုံးခွမြို့နယ်အတွင်း စျေးနှုန်းသက်သာစွာဖြင့် အ‌ခြေခံစား‌သောက်ကုန်များအား ဈေးကားများဖြင့် အပတ်စဉ် လာ‌ရောက် လှည့်လည်ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းနှင့်မြို့နယ် စည်ပင်သာယာအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအား စား၀တ်နေရေး အဆင်ပြေစေရန်နှင့် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ၀ယ်ယူရရှိနိုင်ရေးအတွက် ဆန်၊ ဆီ စသည့် စားသောက်ကုန် ပစ္စည်းများကို ဈေးကားများဖြင့် ယမန်နေ့ နံနက်၈နာရီခွဲအချိန်က သုံးခွမြို့မဈေးအနောက်ဘက် ရှင်စောပုလမ်းတွင် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူများက မြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့ပေါ်နှင့်ကျေးရွာအုပ်စုသို့ သွားရောက်ပြီး အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခေါဇာမြို့၌ ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များအား မွန်၊ မြန်မာနှစ်ဘာသာဖြင့် အသိပေးနှိုးဆော်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ခေါဇာမြို့တွင် ကိုဗစ်-၁၉ ရောဂါဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြို တင်ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ၌ အသံချဲ့စက်နှင့် မွန်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့သည်။

ချောက်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်​ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေးလျက်ရှိ

မ​ကွေးတိုင်း​ဒေသကြီး၊ မ​ကွေးခရိုင်၊​ ချောက်မြို့၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ် ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး (၆)လပြည့်သည့်ဝန်ထမ်းများအား မြို့နယ်ပြည်သူ့​ဆေးရုံ ခန်းမ၌ ယနေ့ နံနက်(၁၀) နာရီအချိန်က ကိုဗစ်-၁၉ ကာကွယ်​ဆေး Booster Dose ထပ်ဆောင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကံမမြို့ အမှတ်(၁)ရပ်ကွက် ကျောက်မှော်ဦးလမ်းအား မြေသားလမ်းအဖြစ်မှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်

မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၁)ရပ်ကွက်ရှိ ကျောက်မှော်ဦး လမ်းအား မြေသားလမ်းအဖြစ်မှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက် လျက်ရှိသည်။
Subscribe to