ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ခြင်းဖြင့် စိတ်ဓာတ်မြှင့်တင်ပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (Woman Club)အဖွဲ့နှင့် (Youth Club)အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက စာရေးဆရာ တက္ကသိုလ်တာရာလင်း ရေးသားသည့် ''စာဖတ်ခြင်းဖြင့် စိတ်ဓာတ်မြှင့်တင်ပါ ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။