ကျိုက်မရော၌ ကူးစက်နှုန်းလျင်မြန်သော အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများအား စနစ်တကျလိုက်နာရန် အရှိန်အဟုန်မြှင့်နှိုးဆော်

ကျိုက်မရော ဖေဖော်ဝါရီ ၁၄

ကျိုက်မရောမြို့နယ်၌ ပြည်သူများအနေဖြင့် အိုမီခရွန်ရောဂါပိုးသည် ကူးစက်မြန်နှုန်းလျင်မြန်သော ရောဂါတစ်မျိူးဖြစ်ရာ ပြည်သူများအနေဖြင့် ကာကွယ်ရေးနည်းလမ်းများကို နစ်တကျလိုက်နာကြရန် အသိပေးနှိုးဆော်ခြင်းကို ယနေ့နေ့လည်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ လမ်းညွှန်မူဖြင့်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြသည်။

ထိုသို့နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့်တတ်နိုင်သမျှ မိမိအိမ်တွင်း၌သာနေထိုင်ကြရန်၊ လူစု၊ လူဝေးများသောနေရာများကို ရှောင်ရန်၊ အိမ်ပြင်ထွက်တိုင်းပါးစပ်၊ နှာခေါင်းစည်း Mask များကို စနစ်တကျမပျက်မကွက်တပ်ဆင်သွားလာကြရန်၊ အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်နှစ်ဆယ်ကြာအောင် စနစ်တကျဆေးကြောကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမူကို အကြိမ်အရေတွက်ပြည့်အောင်ထိုးနှံကြရန်၊ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူများအနေဖြင့် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထပ်ပြီးထိုးနှံကြရန်၊ သံသယလက္ခဏာရှိပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် အမြန်ဆုံးဆေးကုသမှုခံယူကြပါရန် လက်ကိုင်အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိူးဆော်ခဲ့ကြသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)