ငဖဲမြို့နယ် မန်းချောင်းနှင့် ရင်းရှည်ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျလျက်ရှိ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် အောက်တိုဘာလ ဒုတိယပတ်အတွင်း မိုးများ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေနှင့် မိုးရေများဝင်ရောက်လာပြီး မန်းချောင်း ရေလှောင်တမံနှင့် ရင်းရှည်ရေလှောင်တမံ ရေပိုလွှဲများမှ ယမန်နေ့ကစ၍ ရေကျော်လျက်ရှိရာ ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ဆည်ရေပြည့် အမှတ်ထက် ကျော်လွန်လာ၍ ရေကျော်ကျလျက်ရှိနေကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦးထံမှ သိရသည်။