ကသာမြို့၌ MPT ကုန်းအတက်တွင် ရောင်စုံကျောက်များဖြင့် ရောင်စုံကျောက်ပန်းကွက်များ ပုံဖော်ထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့တွင်းသန့်ရှင်းသာယာ လှပရေးလုပ်ငန်းများကို နေ့စဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကသာမြို့ MPT ကုန်းအတက်တွင် ရောင်စုံကျောက်များဖြင့် ရောင်စုံကျောက်ပန်းကွက်များ ပုံဖော်ထားကြောင်း သိရသည်။

ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မျှမထိုးနှံရသေးသူများအား ဆက်လက် ထိုးနှံပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းစေရေးအတွက် ယနေ့ နံနက်(၉)နာရီအချိန်ခန့်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသူများအား ကာလိမြို့ အမှတ်(၁)ရပ်ကွက်ရှိ နမ့်ခုံးရှမ်းများ ပရဟိတခန်းမ၌ စုပေါင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်တွင် အသက် ၁၂ နှစ်အထက်ရှိသူ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယနေ့ဆက်လက်ထိုးနှံ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် အသက် ၁၂ နှစ်အထက်ရှိ သူကျောင်းသား/သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး (Sinovac) ကို ယမန်နေ့မှစတင်၍ ထိုးနှံလျက်ရှိရာ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် ရေဆင်းအခြေခံပညာ အထက်တန်းကျောင်းတို့တွင် ဒုတိယနေ့ဆက်လက်ထိုးနှံ လျက်ရှိကြောင်း သိရသည်။

တနိုင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာ လူထူအခြေပြု ဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းမ၌ ယနေ့နံနက်(၁၀)နာရီခွဲက အဆိုပါ ရုံးဝန်ထမ်းများဖြင့် စာရေးဆရာ "ကျော်ကျော်လှိုင်"၏  "ပျော်ရွှင်ခြင်း"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကိုဆောင်ရွက်ခဲ့သည်။

ပြည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီး သတ်မှတ်ရက်ပြည့်မီသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ပထမအကြိမ် ဆေးထိုးနှံခဲ့ပြီး ဒုတိယအကြိမ် ထပ်မံထိုးနှံရန် သတ်မှတ်ရက် ပြည့်မီသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက စတင်၍ သီရိ‌ခေတ္တရာရတနာ မြို့တော်ခန်းမနှင့် အထက(၁)ပြည်အပါအဝင် ဆေးထိုးစုရပ်‌နေရာ(၉)ခုတို့၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာအုပ်စု နို့ဖိုးခီးရွာတွင် ကျောက်ရောမြေသား လမ်းဖောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စု၊ နို့ဖိုးခီးကျေးရွာတွင် လှိုင်းဘွဲမြို့ နယ်၊ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း) အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော ကျောက်ရော မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို စက်တင်ဘာလ (ပထမ) အပတ်တွင် စတင်အ‌ကောင်အထည်‌ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်နေကောင်း ကျန်းမာလာသူ၏ ရင်တွင်းစကားသံများ

ရှမ်းပြည်နယ် (တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆေးထိုးအဖွဲ့များ ခွဲကာ၊ဆေးထိုးစုရပ်အလိုက် အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိပြီး၊ ကိုဗစ်ရောဂါ ကူးစက်ခံရပြီး၊ ပြန်လည်နေကောင်းကျန်းမာလာသူ တစ်ဦး၏ ရင်တွင်းစကားသံများ ယခုလိုဖော်ပြပေးလိုက်ရပါသည်။

ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသည့် ဆရာတော်၊ သံဃာတော်များအား ဘုန်းတော်ကြီးကျောင်းများအရောက် ကာကွယ်ဆေးထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် အကြောင်း အမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသော ဆရာတော်၊ သံဃာတော် များအား ယနေ့ နံနက်ပိုင်းမှ စတင်၍ ဘုန်းတော်ကြီးကျောင်းများအရောက် Phase(3) Sinopharm (5)Dose အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် လိုက်လံထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Subscribe to